19

6.2K 666 34
                                    

"အိမ်ကို ဘယ်အချိန်တွေမှာပြန်လာဖြစ်လဲအစ်မ"

Jennie ကိုယ့်အိတ်ကိုယ်လွယ်ရင်းမေးတော့ အိမ်တံခါးပြန်ပိတ်နေတဲ့အစ်မက ခေါင်းခါပြတယ်။ ပြီးတော့ သူ့ကုတ်အင်္ကျီအိတ်ထဲ သော့ပြန်ထည့်ပြီး Jennie ဆီကို သူ့လက်တစ်ဖက်ကမ်းပေးလာတယ်။ အစ်မရဲ့ လက်ဖဝါးထဲ သူမလက်တစ်ဖက်ကိုထည့်လိုက်တော့ အစ်မက ပြုံးသွားတယ်။ အစ်မ အဲ့လိုလှပုံမျိုးနဲ့ ကိုယ့်ရည်းစားကို ခဏခဏပြန်ကြွေ​နေရမယ့်အဖြစ်မျိုး Jennie ခံစားရတော့မှာပဲ။

"မလာဖြစ်ပါဘူး Jane ရယ်။ ဆိုင်မှာမအိပ်ဖြစ်တဲ့ရက်တွေက အဖေ့ဆီ သွားနေပေးတာမျိုးပါပဲ"

အစ်မရဲ့ပိုင်ဆိုင်မှုတွေက Jane ကို မမှီပေမယ့် သူ့ဟာနဲ့သူတော့ တော်တော်လေးအဆင်ပြေနေတဲ့ အထက်တန်းလွှာအမျိုးသမီးတစ်ဦးလိုပဲ။ Jennie အကြိုက်ဆုံးကတော့ အခုလျှောက်နေတဲ့ လျှောက်လမ်းကြီးပဲ။ အင်း .. ဘေးနားမှာ အစ်မက သူမလက်ကိုတွဲထားလို့လဲ ပါရင်ပါမှာပေါ့။

"နောက်ဆို ညီမနဲ့ မကြာခဏလာမယ်လေ"

လမ်းပေါ်က ဘာမှမရှိတဲ့နေရာတွေဆီ ကျောက်ခဲကန်သလို Jennie တဂျစ်ဂျစ်နဲ့ကန်ရင်း ပြောတော့ အစ်မက သဘောတကျရယ်တယ်။

"လက်ထပ်ပြီးရင် ဒီမှာနေမယ် Jane"

ခြေလှမ်းတွေကိုတုန့်ခနဲရပ်လိုက်မိတယ်။ အစ်မဟာ သူမကို လက်ထပ်ပြီးရင် လို့ ပြောလိုက်တာလား? Jennie သိပ်ချစ်ရတဲ့အစ်မက Jennie ကို လက်ထပ်ချင်နေပါတယ်လို့ ဆိုလိုတာလား?

"လက်ထပ်ပြီးရင်?"

အစ်မရဲ့လက်တွေကို စိတ်လှုပ်ရှားစွာနဲ့ ပြန်ဆုပ်ကိုင်ရင်း Jennie မေးတော့ အစ်မက Jennie ကို သေချာငေးကြည့်နေတယ်။

"ပြောဖို့မရည်ရွယ်ထားပေမယ့် အစ်မရဲ့ရည်မှန်းချက်ဖြစ်နေတာထင်တယ်။ လွှတ်ခနဲပြောလိုက်မိတဲ့အထိ Jane ကို အစ်မ တစ်ဘဝလုံးစာရည်ရွယ်ထားမိတာပဲ"

လစ်လပ်နေတဲ့ သူ့ညာဘက်လက်ဖဝါးနဲ့ သူ့နှုတ်ခမ်းတွေကိုအုပ်ရင်း မျက်ဝန်းတွေကျယ်လို့ .. အစ်မက တအံ့တဩရွတ်နေတယ်။ Jennie အဲ့အစ်မကိုမှမချစ်ရင် ကမ္ဘာပေါ်က ဘယ်လိုအမျိုးသမီးကိုများချစ်ရမလဲ။

ချည်တိုင်Where stories live. Discover now