4

6.3K 756 18
                                    

လူတစ်ဦး၏ ပုံစံအစစ်အမှန်အား ဝေခွဲရသည့်အပိုင်းသည် Jennie အတွက်ခက်ခဲသည်။ ငယ်စဉ်တည်းက အပေါင်းအသင်းမရှိသည့်သူမသည် မာမီနှင့်သာ လက်ပွန်းတတီးရှိလွန်းလှပြီး ဒယ်ဒီနှင့်အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ ဒယ်ဒီသည် သူမကို ရှေ့နေဖြစ်စေချင်သော်ငြား သူမသည် မိမိကိုယ်တိုင်အတွက်တောင် ဆုံးဖြတ်ချက်တစ်ခုကို သေချာမချနိုင်ခဲ့။ ဒယ်ဒီသည် လက်ဝတ်ရတနာများရောင်းချသည့် လုပ်ငန်းကြီးတစ်ခု၏ ဦးစီးသူဖြစ်သည်။ အသေးစားလုပ်ငန်းများအနေဖြင့် အဝတ်အစားပိုင်းဆိုင်ရာ၌ ထုတ်လုပ်မှုတာဝန်ယူသည်။ အဓိကကတော့ ငွေအားဖြစ်သည်။ ဒယ်ဒီကြိုးစားလုပ်ကိုင်ခဲ့သည့် အချိန်ကာလများကြောင့် ယခုအချိန်တွင် ဒယ်ဒီက အကုန်လုံး၏ အထက်၌ နေရာရသည်။ ဒယ်ဒီ့သမီးဖြစ်သည့်သူမကမူ ယခုထိ ဘာဖြစ်ချင်မှန်းမသိပေ။

"အစ်မ ဖြစ်ချင်ခဲ့တာက ကော်ဖီဆိုင်တစ်ခုပိုင်ဖို့လား ဟုတ်လား"

Puzzle များ ဆက်နေသည့် Jisoo က Jennie ၏ မေးခွန်းအားချက်ချင်းမဖြေ။ သူ့ဆိုင်၏ အပေါ်ထပ်သည် သူနေထိုင်လေ့ရှိသည့်နေရာဖြစ်သည်။ ဒီအခန်းတွင်းသို့ ရောက်ဖူးသည်မှာ Jennie သာ ရှိသေးသည်ဟု သူပြောသည်။

"မဟုတ်ဘူး Janenie အစ်မမှာ အခြားအလုပ်တွေရှိတယ်"

တစ်ပတ်တွင် သုံးရက်လောက် သူမနှင့် Jisoo ဆုံဖြစ်သည်။ သူမက အားနေပေမယ့် Jisoo ကတော့ တစ်ခုမဟုတ်တစ်ခု အလုပ်ရှုပ်နေတတ်သည်။ ရံဖန်ရံခါတွင် စာရွက်များကြား၌ ခေါင်းဝင်လျက်ရှိပြီး ရံဖန်ရံခါ၌ လက်ပ်တော့တစ်လုံးထံသာ အာရုံများပို့ထားလေ့ရှိသည်။ Jennie သည် သူ့အတွက် မည်သို့ဖြစ်တည်နေသည်နည်းဟု တွေးမိသည့်အခါ သူပြောသည့် ချည်တိုင်ဆိုတာကို သတိရသည်။ ချည်တိုင်သည် ကောင်း၏ဆိုး၏ သူမ မသိပေ။

"Janenie ရဲ့ ဒယ်ဒီကို အစ်မသိတယ်"

နောက်ဆုံးလက်ကျန်တစ်ခုကိုဖြည့်ပြီးနောက် ပုံပေါ်သွားသည့် အိမ်တစ်လုံး၏ပုံသဏ္ဉာန်ကို စိတ်ကျေနပ်စွာ သူကြည့်ပြီးနောက် ပြောလာသည်။ အံ့ဩမိသည်။ အစ်မက သူမရဲ့ ဒယ်ဒီကိုသိနေခဲ့သည့်တိုင် ဘာမှထုတ်မပြောခဲ့ဖူး။

ချည်တိုင်Where stories live. Discover now