24

5.4K 642 77
                                    

"ဘာလို့ရုံးနောက်ကျနေတာလဲ Jane"

အမောတကော ရုံးခန်းထဲဝင်လာတဲ့ မိန်းမငယ်ကို ကော်ဖီပူပူတစ်ခွက်ကမ်းပေးရင်း Jisoo မေးတော့ မိန်းမငယ်က ကော်ဖီခွက်ကိုသာယူပြီး ဘာစကားမှပြောမလာသေး။

"Ahhh အမောပြေသွားပြီ။ ကော်ဖီရယ်၊ အစ်မရယ် ဘယ်လောက်အရသာရှိလိုက်သလဲ"

သူ့အဖြေမှာ Jisoo မပြုံးပဲမနေနိုင်လို့ ပြုံးလိုက်မိတယ်။

"ဒယ်ဒီပေါ့။ သူ့သူငယ်ချင်းဆီသွားတာ ညီမကို လိုက်ပို့ခိုင်းလို့လေ။ သူ့ကားရှိသားနဲ့ ညီမကားကိုစီးချင်တယ်ဆိုပြီး တမင်ဂျစ်နေတာ။ လိုက်ပို့တော့လဲ သူ့အသိတွေနဲ့စကားပြောတဲ့ဆီ လိုက်ထိုင်ရသေးတယ်။ အခုမောနေတာက အစ်မကိုမြင်ချင်ဇောနဲ့ ပြေးလာလိုက်လို့ပါ ဟီးး"

ပြုံးတာထက်ပိုပြီး ဟက်ခနဲရယ်ချလိုက်တဲ့ Jisoo ကို Jane က သူ့ပါးတွေဖောင်းတက်လာတဲ့အထိပြုံးရင်း ကြည့်နေတယ်။ မနက်ခင်းတွေကို မိန်းမငယ်ရဲ့အပြုံးနဲ့စတင်ရတာလဲ ကောင်းချီးတစ်ပါးပါပဲ။

"ဒါဆို meeting စကြရအောင်။ Daniel တို့ စောင့်နေတယ်"

ခပ်လှမ်းလှမ်းက အလုပ်ခုံရှိရာဆီ နှစ်ယောက်အတူသွားထိုင်လိုက်တယ်။ Jane က Jisoo ပေးထားတဲ့ သူမရဲ့မာဖလာကို လည်တိုင်ပေါ်ကချွတ်လိုက်တော့ ဆွဲကြိုးလေးက ထင်းခနဲပေါ်လာတယ်။

"ကဲ ဘာဖြစ်လို့လဲ အရေးတကြီး"

Jane ရဲ့ မေးခွန်းကို Jongsuk က စာရွက်တစ်ခုလှမ်းပေးရင်း တုန့်ပြန်တယ်။ Jane မျက်ခုံးတွေတွန့်ချိုးသွားတယ်။ Jisoo ဖတ်ပြီးသားစာရွက်မို့ အကြောင်းအရင်းကို သဘောပေါက်နေသည်။ သူမနဲ့ Jane ရဲ့ relationship ကို ချပြပြီးတဲ့နောက်မှာ တစ်ခုခုတော့ သက်ရောက်မှုရှိလာမှာ သူမ ကြိုတွက်ပြီးသားပါ။ နှစ်ဦးလုံးရဲ့ ခံစားမှုတွေကိုမထိခိုက်နိုင်ဘူးဆိုတာ သိလို့လဲ ပြောပြဖြစ်ခဲ့တာ။

"ရှယ်ယာတွေ တက်လိုက်ကျလိုက် ဖြစ်တာကတော့ ကျွန်မစိတ်မဝင်စားပါဘူး။ ဘယ့်နှယ့်ကြောင့်မို့ အလုပ်ထွက်စေချင်နေကြတာလဲတော့ နားမလည်ဘူး။ ဘာဖြစ်လို့လဲ အစ်မကို သူတို့တင်ကျွေးထားရတာမို့လို့လား"

ချည်တိုင်Where stories live. Discover now