မနက်လင်းလာသည့်အခါ မွေ့ယာပေါ်၌ မလှုပ်မရှက်ဖြင့် ငြိမ်သက်နေမိသည်။ အလုပ်သွားစရာရော လိုသေးရဲ့လား။ ဘာမှမဖြစ်ခဲ့သလို မျက်နှာပြောင်တိုက်ပြီး Jane အရှေ့မှာ ဘယ်လိုနေရမည်လဲ။ ဖုန်းကိုဖွင့်ကြည့်သည့်အခါ Jane ငယ်လေး၏ မျက်ဝန်းများမှိတ်သည်အထိရယ်နေသည့်ပုံနှင့် သူ့ပါးဖောင်းဖောင်းကလေးများအား ဖိကပ်နမ်းရှိုက်နေသည့် အတိတ်မှ Jisoo တို့အား လွမ်းမောဖွယ်မြင်တွေ့ရသည်။ နာရီကိုကြည့်တော့ မနက်ရှစ်နာရီရှိနေပြီ။ အကျင့်ပါစွာပဲ ရေချိုးမိသည်။ ရုံးသွားဖို့ အဝတ်အစားလဲမိသည်။ အပြည့်အဝနေမကောင်းသေးသည့် ခန္ဓာကိုယ်က နည်းနည်းမျှ လှုပ်ရှားရုံဖြင့် မောဟိုက်နွမ်းနယ်နေသည်။ ရင်ထဲက နွမ်းနယ်မှုကိုတော့ မမှီသေး။
"Daniel ဒီနေ့ ရုံးမှာအရေးတကြီး shooting ရှိလား"
မိတ်ကပ်မလိမ်းတော့ပဲ ဆိုင်ရှေ့အထိ ထွက်လာပြီးမှ အလုပ်ကိုမသွားချင်တော့ပြန်။ Daniel ကိုဖုန်းဆက်ပြီး အခြေအနေမေးကြည့်ရသည်။
"အမ်... Jisoo ဟိုဟာလေ"
Daniel ၏ပြောရခက်နေသောလေသံကိုမှန်းဆမိသည့်အခါ နာကျင်ရမည့်တစ်စုံတစ်ခုက သူမကို စောင့်ကြိုနေကြောင်း အလိုလိုသိလိုက်သည်။
"ငါလာခဲ့မယ်"
ကားပေါ်သို့အလောတကြီးတက်ပြီး မောင်းလာလိုက်သည်။ Jane ကိုတွေ့တာနဲ့ မရမက ထပ်၍တောင်းပန်မည်။ Jane မရှိလို့မဖြစ်တာ Jane လည်းသိသားနဲ့။ ဒီလောက်ထိ သူမကို ရက်စက်မှာမဟုတ်ပါဘူး။ ကလေးမက သူမကို မည်မျှချစ်လိုက်သည်လဲ။
ဓာတ်လှေကားထဲသို့ဝင်သည့်အခါ Jane နှင့်အတူ ဝန်ထမ်းသုံးလေးဦးကိုတွေ့ရသည်။ Jane သည် သူမ၏ မိတ်ကပ်မပါ၊ ဖရိုဖရဲဖြစ်နေသည့်ပုံစံကိုကြည့်၍ ခပ်ဟဟနှုတ်ခမ်းတို့ဖြင့် ခေတ္တမျှငေးကြည့်ပြီးသည့်နောက် အကြည့်လွှဲသွားသည်။ ကမ္ဘာပြိုတစ်ခုကို စတင်ခံစားလာရပြန်ပါသည်။
"Jane"
သူမ ခပ်တိုးတိုးခေါ်လိုက်ပေမယ့် အခြားလူများပါကြားပုံပေါ်သည်။ Jane ကတော့ လက်နှစ်ဖက်ကိုပိုက်ပြီး ဓာတ်လှေကား၏တံခါးကိုသာ ငေးကြည့်နေသည်။ ဒီနေ့မှ အပေါ်ထပ်သို့တက်ရတာ မြန်လွန်းနေသည်။
YOU ARE READING
ချည်တိုင်
Fanfictionချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတွက်တော့ နေရာမဟုတ်ဘူး။ မင်းပေါ့ Jane; ချည်တိုင်လေးက မင်းဖြစ်နေတာပဲ။ 🧵 Jennie အတွက်တော့ စကားလှလှများအား လှပသည့်နှုတ်ခမ်းဖြင့် သီ၍ အပြုံးတို့...