3

7.2K 783 44
                                    

မနေ့က ညစာစားပွဲသည် ဆောင်းရာသီကိုအံတုစွာဖြင့် ဟိုတယ်ကြီးတစ်ခု၏ မြေညီထပ်၌ ကျင်းပခဲ့သည်။ Jennie သည် အနီရောင် dress ကိုဝတ်ပြီး ဒယ်ဒီကတော့ သိပ်လှသည်ဟု မှတ်ချက်ပေးခဲ့သည်။ ယခုနံနက်ခင်း မနက်စာစားပြီး ဝရန်တာတွင် ထွက်ရပ်သည့်အခါ ဘာရယ်မဟုတ်ပဲ Jisoo ကိုသတိရသွားသည်။ သူ့ဆီကိုလာစေချင်လို့ နှစ်ခေါက်လုံး စကားလမ်းကြောင်းခင်းခဲ့သည်ဟု ဒဲ့ပြောလာသော Jisoo သည် Jennie အတွက်တော့ အနည်းငယ်ထူးဆန်းနေသေးသည်။

ကော်ဖီခွက်ကို ကိုင်းမှမကိုင်ပဲ တစ်ခွက်လုံးကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ထားသောကြောင့် လက်နှစ်ဖက်လုံးနွေးထွေးနေသည်။ ဆွယ်တာနှင့် ဘောင်းဘီအထူကြောင့် အချမ်းဓာတ်သည် အဝတ်မဖုံးထားသည့် နေရာများသို့သာ တိုးဝင်နိုင်နေသည်။

"သွားရင်ကောင်းမလား"

အိမ်အကြီးကြီးရဲ့ ဝရန်တာမှကြည့်လျှင် အိမ်ရှေ့လမ်းမကြီး၌ နှင်းများသာဖွေးနေသည်။ မနေ့က Jisoo ပြောလိုက်သည့်စကားကြောင့်လားတော့မသိ။ သူမ Jisoo ကို ထပ်ပြီးတွေ့ချင်နေသေးသည်။ Jisoo အကြောင်းကို အဆက်မပြတ်တွေးနေမိသည်။ ပထမအကြိမ်ဆုံပြီးတုန်းကတော့ တစ်ပတ်လောက်အထိ သူ့အကြောင်းကို ဖြတ်ခနဲ ဖြတ်ခနဲ တွေးမိခဲ့ပေမယ့် နေမကောင်းဖြစ်သောအခါ၌ ကိုယ့်နာကျင်မှုကလွဲလို့ ဘာမှမသိခဲ့။

"အန်တီကြီး၊ ဒယ်ဒီလာရင် ကျွန်မ သူငယ်ချင်းဆီသွားတယ်ပြောပေးနော်"

ရုတ်တရက် သူ့ဆီသွားချင်လာသည့်စိတ်သည် Jennie ကို အဝတ်အစားလဲဖို့ သတိရစိတ်လေးအတွက်တောင် နေရာမပေးတော့။ ကားသော့ကိုဆွဲယူပြီး ဖုန်းကို ဆွယ်တာအိတ်ထဲထည့်ကာဖြင့် ကားမောင်းကာ ထွက်လာမိခဲ့သည်။ Jennie နေသည့် အိမ်ကြီးနှင့် Jisoo ဆိုင်ရှိသည့်နေရာသည် နာရီဝက်ကျော်မျှသာ ကားမောင်းရသည်။

"ဘာသုံးဆောင်မလဲခင်ဗျ"

ကောင်တာမှ ကောင်လေးသည် Jennie ကို ချိုသာစွာပြုံးကြည့်၍မေးသည်။ ဆိုင်အတွင်းသို့ ဝေ့ဝဲကြည့်သော် Jisoo ကို မတွေ့ပါ။ ဆိုင်တွင်း၌ လူအနည်းငယ်ရှိနေသည်။ ဖုန်းတစ်လုံးသာပါခဲ့သည်ကို အခုမှသတိထားမိသည့်အခါ ပိုက်ဆံအိတ်သည် ဘယ်နားထားခဲ့မိမှန်းတောင်မသိ။

ချည်တိုင်Tahanan ng mga kuwento. Tumuklas ngayon