2

7.9K 886 21
                                    

ဆောင်းရာသီ၏အငွေ့အသက်သည် Jennie ကို အများကြီး စိတ်သက်သာမှုပေးသည်။ ၁၂လပိုင်းရောက်ပြီဖြစ်လို့ နေရာအနှံ့ နှင်းစများဖုံးလွှမ်းလို့နေသည်။ ဆောင်းဦးတုန်းက ဒယ်ဒီတစ်လလောက်ခရီးထွက်သွားတာကို မှတ်မိသေးသည်။ ထိုကာလတုန်းက မိန်းကလေးတစ်ဦးကိုလည်း သူမ မှတ်မိသေးသည်။ စိတ်ညစ်စရာရှိလျှင် ကော်ဖီဆိုင်သို့လာရန် မှာလိုက်သော ထိုမိန်းကလေးထံ Jennie ထပ်မသွားဖြစ်ခဲ့ပါ။ ဒီတိုင်း သွားဖို့အကြောင်းပြချက်မရှိခဲ့ခြင်းသာဖြစ်သည်။ နောက်ပြီး သူမ ထိုကာလတုန်းက အပြင်းဖျားခဲ့သေးသည်။

မာဖလာအညိုရောင်ကို စိတ်တိုင်းကျရွေးပြီး မှန်အရှေ့တွင်ရပ်ကာကြည့်မိသည်။ သူမမျက်နှာဖောင်းဖောင်းလေး အနည်းငယ်ပိန်ကျသွားသည်မှလွဲလို့ အဆင်ပြေနေသည်။ ဒီနေ့ skateboard စီးဖို့အတွက် ကြိုးပမ်းကြည့်မည်မို့ အပြင်သွားဖို့ပြင်နေခြင်းပင်။

"ဒီည ဒယ်ဒီနဲ့ ပွဲတစ်ခုလိုက်ခဲ့စေချင်တယ်သမီး"

ဒယ်ဒီ့စကားကို ဆန့်ကျင်ချင်ပေမယ့် စကားများဖို့စိတ်ကူး သူမမှာမရှိလို့ ခေါင်းငြိမ့်ပြပြီးထွက်လာလိုက်သည်။ Jennie သည် ဒယ်ဒီ့ကို ဘက်တိုက်ချင်စိတ်များနှင့် မွေးဖွားလာခဲ့သည်လားမသိ။ ဒယ်ဒီကလည်း Jennie ၏ အတွေးအမြင်မှန်သမျှကို အမှန်ဟု ဘာကြောင့်မထင်သလဲ။

ဤရာသီဥတု၌ နှင်းလျှောစီးရမည်မှာ ခံစားချက်တစ်မျိုးရသည်။ ကားကို ခပ်ဖြေးဖြေးပဲမောင်းပြီး ဘယ်ကိုအရင်သွားရမလဲမသိဖြစ်နေပြန်သည်။ သူမ ထွက်လာခဲ့တာ နှင်းလျှောစီးဖို့ဆိုပေမယ့် သူမ စကိတ်ကိုပင် ကောင်းကောင်းမွန်မွန်မစီးတတ်ပါ။ ဘေးကနေ သို့မဟုတ် အရှေ့ကနေ သို့မဟုတ် အနောက်ကနေ ထိန်းပေးမည့်သူပါလျှင်တော့ စီးတတ်သည်။ မာမီရှိတုန်းကဆိုလျှင် နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီရောက်တာနဲ့ သူမကို စကိတ်စီးဖို့ခေါ်သွားတတ်သည်။ မာမီမရှိတော့သည့် ပထမဆုံး ဆောင်းရာသီဖြစ်သည်။ မာမီ့ကို လွမ်းသွားသည့်စိတ်ကြောင့် နှာဖျားတို့ ရဲခနဲဖြစ်သွားသည်။

နှင်းများဖြင့်ဖွေးနေသည့် ပတ်ဝန်းကျင်ကြောင့် အရှေ့ကိုအာရုံစိုက်ကာမောင်းနေရသည်။ အရှေ့နားမှာ ကားတစ်စီးက လမ်းဘေးကပ်ရပ်ထားပြီး လူတစ်ယောက်က Jennie ၏ကားကို လက်ပြတားနေသည်။ ရပ်ပေးရနိုး ဆက်သွားရနိုးနဲ့ ကားကိုအရှိန်လျှော့လိုက်မိသည်။ သူမလည်း အရေးတကြီးကိစ္စမရှိသည်မို့ ရပ်ထားသည့်ကားကိုကျော်၍ လမ်းဘေးကပ်ရပ်လိုက်သည်။ ကားပြတင်းမှန်ကိုချပြီးသည်နှင့်တစ်ပြိုင်နက် အသံရှူသံခပ်ပြင်းပြင်းတစ်ခု အနားသို့ရောက်လာသည်။

ချည်တိုင်Where stories live. Discover now