26

5.6K 579 65
                                    

Recommended background music 🌺

1. Broken Clocks by SZA (သီချင်းနားထောင်ရင်းဖတ်မယ်ဆိုရင် စဖတ်တာနဲ့ အစဉ်လိုက်ရှာဖွင့်ထားစေချင်ပါတယ်။ ပေးချင်တဲ့ခံစားချက်နှစ်မျိုးလုံးကို အပေါ်အောက် အစဉ်လိုက် လုပ်ပေးထားတာပါ)
2. The For seasons (From Portrait of a lady on fire/ Violin ver)

-ချည်တိုင်-

Show ထဲမှာ Camera ကို ကိုင်ရင်း Jisoo ထိုင်ချိန်တောင်မရ။ ဒီနေ့ပွဲက ဧည့်သည်တော်တော်များသည်။ နှစ်ကုန်ရင်ထုတ်မယ့် magazine အတွက်ရော၊ မင်းသမီးတစ်ယောက်ရဲ့ fashion book အတွက်ရော ဒီပွဲကပုံတွေကို တစ်ခုမကျန် အကုန်မလွတ်အောင် Jisoo ကြိုးစားနေရသည်။ Photographer အများကြီးရှိပေမယ့် ဒီ team မှာ အန်ကယ်က Jisoo ကိုသာ အဓိကသုံးသည်မှာ အလုပ်ဝင်ပြီး သိပ်မကြာခင်တည်းကပင်။

"ဖြေးဖြေးလျှောက်စမ်းဟဲ့ ချော်လဲမယ်"

Daniel က ဝန်ထမ်းတွေအကုန်လုံးကို မှာစရာရှိတာလိုက်မှာရင်း Jisoo အနားကိုရောက်လာတယ်။ Carpet တက်နေတဲ့ အနုပညာရှင်တွေကို သက်သက်ခေါ်ရဦးမည်။ Jisoo ပွဲမစခင်မှာပင် အလုပ်ရှုပ်နေခြင်းပင်။

"Jane ရော Daniel"

မနက်တည်းက သူမနဲ့ကလေးမနဲ့ မတွေ့ရသေး။ အလုပ်ရှုပ်မယ်ဆိုတာသိလို့ ရုံးကိုတောင်တန်းမသွားပဲ ဒီကိုအရင်လာခဲ့တဲ့ Jisoo မှာ Jane မျက်နှာမတွေ့ရသေးတော့ နေလို့မကောင်းချင်။

"ရောက်နေပြီ။ စောစောက Teh နဲ့ စကားပြောနေတာတွေ့လိုက်တယ်"

Carpet ဆီက မင်းသားဆီ camera focus ကို ဖြတ်နေတုန်း ကြားလိုက်ရတဲ့ Daniel ဆီကစကားကြောင့် Jisoo လက်တွေ ဆတ်ခနဲဖြစ်သွားတယ်။

"Teh?"

"ဟုတ်တယ်။ ဟိုမှာ Kim Go Eun လာနေပြီ အမြန်ရိုက် အာရုံမများနဲ့"

စိုးရိမ်စိတ်တွေကို Camera နဲ့အတူဆုပ်ကိုင်ရင်း Jisoo အလုပ်ဆက်လုပ်ရသည်။ Jane ကို ယုံပေမယ့် ဟိုကောင့်ကိုမယုံဘူး။ အလုပ်သဘောအရ စကားပြောတာရှိမှာပဲမို့ Jisoo စိတ်ကိုလျှော့နေရသည်။

"Daniel"

Camera ဆီက အကြည့်မလွှဲပဲ ဘေးနားက Daniel ကို ခေါ်တော့ Daniel က အနားကို ပိုကပ်လာသည်။

ချည်တိုင်Where stories live. Discover now