9

5.9K 675 8
                                    

ပထမဆုံးအတွေ့အကြုံဖြစ်မည့် Chanel Event သည် Tokyo မြို့တွင်ကျင်းပမည်ဖြစ်ကြောင်း Jongsuk က ပြောပြလာသည်။ Jennie သည် ထိုပွဲအတွက် ဝတ်စုံများအပြင် လက်ဝတ်ရတနာများကိုပါ ရွေးချယ်ပေးရမည်ဖြစ်သည်။ Brand ခပ်များများက ဒယ်ဒီ့လက်အောက်တွင်ရှိသည်မို့ Chanel မဟုတ်သည့် တစ်ခုခုကိုလည်း ရွေးနိုင်ကြောင်းရှင်းပြနေသည်။ သူမသည် Jongsuk ထံ အာရုံနှစ်ခုပေးထားမိသည်။ ပထမတစ်ခုမှာ သူပြောနေသည့်အလုပ်ကိစ္စများအတွက်ဖြစ်ပြီး ဒုတိယတစ်ခုမှာ အစ်မနှင့်ပတ်သက်သည့်အာရုံဖြစ်သည်။

"Jennie ကိုယ့်မျက်နှာမှာ တစ်ခုခုပေနေလို့လား"

Jongsuk မေးလိုက်စဉ်မှာပင် အစ်မသည် ရုံးခန်းထဲသို့ဝင်လာသည်။ အညိုရောင်အင်္ကျီနှင့်အနက်ရောင်ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ထားသည်။ ထုံးစံအတိုင်း သိပ်လှနေသည်။

"ဟမ် ဪ .. မပေပါဘူး"

Jennie ပြန်ဖြေသည့်အခါ အစ်မက သူမတို့ထိုင်နေသည့် စားပွဲတွင်ဝင်ထိုင်လိုက်ပြီဖြစ်သည်။ ထို့နောက် Jongsuk ကို တစ်လှည့်၊ Jennie ကို တစ်လှည့် ကြည့်ပြီးသည့်အခါ Jongsuk ကို ပြုံးရယ်ပြသည်။ လက်ထဲတွင်ကိုင်ထားသည့် ဘောပင်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိပြီး အသက်ရှူသံများအား အမြန်မျိုချလိုက်ရသည်။ ခံနိုင်ရည်မရှိသေး။ အစ်မ၏ လိုအင်တို့ကို Jennie ဖြည့်စည်းပေးနိုင်ဖို့ တော်တော်လေ့ကျင့်ရပါဦးမည်။

"ဘယ်လိုလဲ တိုကျိုကို လိုက်မယ်မလား"

Jongsuk က မျက်ခုံးပင့်ပြကာ ခပ်ပြုံးပြုံးဖြင့်မေးသည်။ အစ်မက လက်ပိုက်လိုက်ပြီး ဆိုဖာကျောကိုမှီချလိုက်သည်။

"လိုက်မှာလေ ဘယ်တုန်းကနေခဲ့ဖူးလို့လဲ"

ထိုအသံဩဩသည် ကြားမဝမည့်အသံပင်ဖြစ်ပါသည်။

"ကျွန်မ နေ့လည်စာသွားစားတော့မယ် Jongsuk. ပြီးမှပဲ လိုအပ်တာတွေထပ်ပြောကြတာပေါ့"

Jongsuk ကို ပြုံးပြနှုတ်ဆက်ပြီး ချက်ချင်းထထွက်လာခဲ့သည်။ အစ်မ လိုက်လာသည် မလိုက်လာသည် Jennie မသိချင်။ ထိုပုံစံအတိုင်းဆက်သွားဖို့အဆင်မပြေတာကိုတော့ Jennie သိသည်။ ရှောင်ထွက်ချင်စိတ်ကြောင့်သာ နေ့လည်စာစားမည်ဟုပြောခဲ့သော်လည်း တကယ်တမ်း ဗိုက်မှာ ထိုမျှမဆာနေ။ ကော်ဖီအေးအေးလေးတစ်ခွက်သောက်လိုက်ရလျှင် စိတ်ကြည်သွားနိုင်သည်မို့ ကော်ဖီဝယ်ရန် ရုံးမှထွက်လာ၍ ခပ်ဖြေးဖြေးလျှောက်လာလိုက်သည်။

ချည်တိုင်Where stories live. Discover now