10

6K 680 13
                                    

မျက်လုံးများပွင့်လာသည့်အချိန်တွင် ကုတင်ဘေးနား၌ လူတစ်ဦးရှိနေသည်။ ထိုသူသည် Jennie ၏ လက်တို့အား သူ့လက်များဖြင့်ဆုပ်ကိုင်၍၊ ကုတင်စွန်းသို့ နဖူးအပ်ကာ အိပ်ပျော်နေဟန်ရှိသည်။

"အစ်မ"

Jennie ခေါ်လိုက်တော့ အစ်မက ဆတ်ခနဲခေါင်းထောင်လာတယ်။

"Jane .. တော်ပါသေးရဲ့။ နေရတာအဆင်ပြေရဲ့လား"

အစ်မသည် သူပီသစွာပဲ Jennie ကို စိုးရိမ်နေသည်။

"ပြေတယ်"

Jennie အစ်မဆီကနေ အကြည့်များလွှဲလိုက်မိသည်။ အစ်မကို စေ့စေ့ကြည့်ဖို့ စိတ်မပါ။ အစ်မသည် သူမကို အများကြီး လိမ်ခဲ့သည်။ သို့မဟုတ် ကွယ်ဝှက်ထားခဲ့သည်။ ပေးသိချင်စိတ်မရှိခဲ့။

"အန်ကယ့်ကိုတော့ ထပ်ပြီးအကြောင်းကြားထားတယ်။ အစ်မနဲ့ အတူပြန်မယ် Jane: အလုပ်ကလူတွေကတော့ နောက်တစ်ရက်အတွက်နေခဲ့လိမ့်မယ်"

အစ်မသည် Jennie ၏ လက်ဖမိုးအား ခပ်ဖွဖွအုပ်ကိုင်ထားရင်းဖြင့်ပင် ပြောသည်။ Jennie အစ်မရဲ့လက်တွေကို ငုံ့ကြည့်ပြီး ရင်ထဲကျပ်လာသည်။

"အစ်မ နေခဲ့ပါ။ ညီမကိုလာကြိုမှာက ဒယ်ဒီ့ရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့မို့လို့ တစ်ယောက်တည်းပြန်လဲဖြစ်ပါတယ်"

"မဟုတ်ဘူးလေ Jane အစ်မက ..

"မဟုတ်ဘူးအစ်မ။ ညီမက အစ်မကို ညီမနဲ့အတူ မရှိနေစေချင်တာ"

Jisoo ၏ ဆက်ပြောလာမည့်စကားတို့ကို Jennie ပိတ်ပြောလိုက်သည်။ သူမ အစ်မကို စိတ်ဆိုးတာ မလွန်ဘူးမဟုတ်လား။ Jennie အစ်မကို အပြစ်မမြင်နိုင်တာအများကြီးပါ။ ဒါပေမယ့် ..

"အတူမရှိစေချင်တာက ဒီခဏအတွက်လား အမြဲတမ်းအတွက်လား Jane"

အစ်မ၏ ရုတ်တရက်အမေးကြောင့် Jennie ထိတ်လန့်သွားသည်။ အစ်မ၏မျက်နှာသည် သာမန်ရက်တွေလို တည်ငြိမ်နေသည့်တိုင် Jennie က တော့ ထိတ်လန့်မှုကိုခံစားနေရသည်။

"မသိသေးဘူး"

ဆေးရုံခန်းသည် တစ်ယောက်တည်းအခန်းဖြစ်ပြီး ပြတင်းပေါက်ဖွင့်ထားပေမယ့် လိုက်ကာဖြင့်ကာထားသည်။ အစ်မက Jennie ဘေးမှထကာ ပြတင်းပေါက်နားသွား၍ လိုက်ကာစကို ဘေးတစ်ဖက်သို့ ဆွဲကပ်လိုက်သည်။ Jennie ကို အစ်မဟာ လုံးဝ လှည့်မကြည့်လာခဲ့။

ချည်တိုင်Where stories live. Discover now