13

5.8K 666 13
                                    

ကော်ဖီဆိုင်၏အပေါ်ထပ်တွင်ရှိသည့် Jisoo နေထိုင်ရာအခန်းသည် သူစိမ်းဟူ၍ Jane တစ်ယောက်သာ ဝင်ထွက်ဖူးသည်။ ကိုယ့်ကိုကိုယ် ဘယ်ကစပြီး မိတ်ဆက်ရမှန်းမသိ။ ခံစားချက်တွေကို သိုဝှက်ထားတတ်တဲ့ ပုံစံမျိုးလဲမဟုတ်။ သူမသည် Jane အပေါ်ထားသည့် စိတ်ခံစားချက်များအား ခေါင်းစဉ်တပ်မပြသည့်တိုင် အရာအားလုံး အမှန်အတိုင်း ဖွင့်ပြောခဲ့တာများသည်။ သူဟာ Jisoo ရဲ့ ချည်တိုင်လိုဖြစ်တည်မှုပါဆိုတာမျိုးက စလို့ ချစ်တယ် ဆိုတဲ့ စကားကိုပြောချင်တဲ့အထိ အကုန် စိတ်ရင်းဖြစ်သည်။ ဒါပေမယ့် ဒါကို Jane ဟာ နာကျင်နေရသည်တဲ့။ Jisoo ၏ အခက်အခဲကို Jane ကို ပေးမသိချင်ဘူး။

"Unnie ရုံးမသွားရဘူးလား"

အောက်ထပ်သို့ဆင်းသွားသည့် သူမကို ကောင်တာမှမိန်းကလေးက မေးသည်။

"အဖေ့ဆီခဏသွားမလို့"

ဆိုင်မှ ဝန်ထမ်းများသည် ပုံမှန်ထက်ပို၍ ငြိမ်သက်နေသည့်သူမ၏အရိပ်အခြေကိုနားလည်စွာဖြင့် ဘာမှထပ်မမေးလာကြ။ အဖေ့စာအုပ်ဆိုင်နှင့် သူမ၏ကော်ဖီဆိုင်သည် သိပ်မဝေးသည့်အားလျော်စွာ Jisoo ခပ်ဖြေးဖြေးသာ လမ်းလျှောက်သွားလိုက်သည်။ လွန်ခဲ့တဲ့ တစ်နှစ်နီးနီးတုန်းက အမျိုးသမီးငယ်တစ်ဦးနဲ့သူမ ဒီလမ်းတွေမှာ ပထမဆုံး အတူလျှောက်ဖူးခဲ့သည်ပဲ။ စိတ်ညစ်ရင် လာခဲ့ပါဆိုတဲ့စကားအစား နောက်လဲလာခဲ့ပါလို့ မပြောလိုက်မိသည်ကြောင့် ထပ်မလာတော့ခြင်းဟုထင်ရသည့် Jane ကို နှင်းများကျသည့်တစ်နေ့တော့ ပြန်ဆုံခဲ့ရပြန်သည်။ အံ့ဩစိတ်နှင့်ပျော်ရွှင်စိတ်တို့ ကူးလူးခဲ့သည်။ ဒါကိုလဲ Jisoo သတိမထားမိခဲ့ပြန်။

Jane နဲ့ပတ်သက်ပြီး သတိထားမိတာတွေနည်းပါတယ်။ အဲ့လိုပဲ .. Jane က Jisoo ဘဝရဲ့ရေဆုန်လေးတစ်ခုပါပဲ။ အဲ့လိုထင်ခဲ့မိတာပါပဲ။ ဒါပေမယ့် မနေ့ကမှသိလိုက်ရတာဟာ Jane က သူမဘဝရဲ့ ရေဆန်တစ်ခု။ သူမ မဖြစ်ဖူးတဲ့ သတိမထားမိဖူးတဲ့ ခေါင်းစဉ်မတပ်ခဲ့ဖူးတဲ့အရာတွေကို အကုန်လုပ်မိအောင် တွန်းအားပေးနေတဲ့ ရေဆန်လေးတစ်ခု။

"အဖေ .. ဟိုနေ့ကအမေ့ကိုသွားတွေ့တယ်ဆို"

စာအုပ်ဆိုင်သို့ သေချာမလာဖြစ်တာ အတော်ကြာပြီဟုပြောရမည်။ အလုပ်တွေ မအားတာကြောင့်ရောပါသည်။ လာဖြစ်လျှင်လည်း အခုလို စကားပြောရုံမျှသာပြောဖြစ်သည်။ အရင်လို စာအုပ်ကူမထပ်ပေးနိုင်တော့။

ချည်တိုင်Where stories live. Discover now