28

6.5K 618 36
                                    

ဟန် ဒါကို နွေဦးတော်လှန်ရေးပြီးမှ ဆက်တင်ဖို့ ဆက်ရေးဖို့လုပ်ထားတာ။ ဒါပေမယ့် အရမ်းကြာနေလို့ ကိုယ်တိုင်လဲ မနေတတ်တော့ဘူး။ အကြံရတုန်းလေးလဲ ရေးထားချင်တယ်။ ပြီးတော့ ဒီထဲကအချိန်တွေဟာ ဟန်တို့အတွက်အနာဂတ်ဖြစ်လာမှာလို့ပြောခဲ့တာ အခုတော့သဲထဲရေသွန်သလို အတိတ်တွေပဲဖြစ်နေပါပြီ။ မအလမင်းအောင်လှိုင်၊ မင်းအောင်လှိုင်မအလ :3 One shot တွေကို တမင် HE တွေနဲ့ပဲရေးပေးခဲ့တာ စိတ်အမောတွေပြေစေချင်လို့ပါ။ အခုကတော့ အားလဲနာပါရဲ့ သို့သော် ဒီတစ်ပိုင်းက Jan 25 တည်းက တစ်ဝက်လောက်ဆက်ရေးပြီးခဲ့သားဖြစ်နေလို့ပါ။ ဒီတစ်ပိုင်းပဲထပ်တင်တာပါ ရေးပြီးတာလဲဒါပဲရှိတယ်။ ဒီချည်တိုင်အတွက်အပိုင်းသစ်ကို upd မတောင်းကြပါနဲ့တော့လို့ မေတ္တာရပ်ခံတယ်။ ဒါကတော့ ဇာတ်ရှိန်ထပ်မြှင့်တဲ့သဘောပါပဲ။ အဲ့တော့ဒီတစ်ပိုင်းနဲ့ပဲရပ်ထားမယ်။ ချည်တိုင်ကို အဆုံးမရှိ ခဏရပ်ထားပါပြီနော် Up လို့ မမန့်ပါနဲ့။ ဒီအပိုင်းကိုတော့ ဖတ်လိုက်ကြရအောင်ပါ။ အကုန် စိတ်အမောပြေမှာတော့မဟုတ်ပေမယ့် အာရုံလွှဲစရာပေါ့ဗျာ xD ဒီကာလထဲတော့ အမောပြေ One shot တွေထပ်ရေးနိုင်အောင် ကြိုးစားပါ့မယ်။

Recommended Background Music- "Heartbreak Anniversary" by GIVĒON

🧵

ဘာလို့များ .. ဒီဆက်ဆံရေး စတင်တည်းက ကိုယ်တစ်ဦးတည်းကပဲ နာကျင်နေခဲ့ရသလို တွေးမိရတာလဲ။ Jennie ဟာ အစ်မ သူမကို ချစ်သလောက် ပြန်ချစ်တယ်။ ဟင့်အင်း .. အစ်မထက် ပိုတယ်။ ဒါကို အစ်မသိသင့်တာ။ နည်းနည်းလေးဖြစ်ဖြစ် Jennie ကို ထည့်တွေးပေးသင့်တာ။ သူ့ကို အဆုံးထိ လက်တွဲထားပေးဖို့၊ မစွန့်လွှတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ထားခဲ့တဲ့၊ ခက်ခက်ခဲခဲ သတ္တိတွေမွေးထားရတဲ့ ဒီကောင်မလေးကို .. သူထားသွားမှာသိပ်ကြောက်တဲ့ ဒီကောင်မလေးကို သူ မသိဘူး လို့ ဘာကြောင့်ပြောရသလဲ။

"Jane ကျေးဇူးပြုပြီး"

နောက်ပြန်ဆုတ်နေတဲ့ ခြေလှမ်းတွေ ဆက်ပြီး မလှုပ်ရှားနိုင်တော့ဘူး။ အစ်မ လဲကျသွားမတတ်ဖြစ်နေတာကိုမြင်ရတော့ ရင်ထဲက တဆစ်ဆစ်နဲ့ကိုက်ခဲနေတယ်။ ဒီလိုမှ မလုပ်ရင် အစ်မက တွေဝေနေဦးမှာ။ သူမကိုရော သူ့ကိုယ်သူရော နာကျင်စရာတွေဖြစ်အောင် ဆက်လုပ်နေဦးမှာ။ ဒီလိုတွေမဖြစ်အောင် မိုက်မိုက်ကန်းကန်းရွေးစရာဟာ လမ်းခွဲလိုက်ကြဖို့ဆိုတဲ့အတွေးတစ်ခုပဲရှိတယ်။

ချည်တိုင်Where stories live. Discover now