Author's noted.

4.9K 483 71
                                    

Author လို့ သုံးလိုက်ရတာ နည်းနည်းတော့ စိတ်ခုပါတယ်။ ကိုယ့်ကိုကိုယ် ဇာတ်လမ်းရေးတဲ့လူလို့ပဲမှတ်ထားတာပါ။ ဆိုတော့ ရေးသူရဲ့ နည်းနည်း ပေရှည်မယ့်အပိုင်းပေါ့။

ချည်တိုင်ဘယ်လိုဖြစ်လာတာဘာညာကတော့ ခဏခဏပြောပြနေကျမို့လို့ ကျော်သွားလိုက်ပါ့မယ်။ အရင်ဆုံး ဇာတ်သိမ်းပိုင်း final episode ကို ရှင်းပါမယ်။ *စောက်ရမ်း လောသွားတယ်* အဲ့စကားက အဲ့အပိုင်းအတွက် မှတ်ချက်အကုန်ပါပဲ။ ကိုယ်တိုင် ပြန်ပြီး မှတ်ချက်ပေးထားတာပါ။ စောက်ရမ်းလောသွားပေမယ့် မညားနိုင်မယ့်လူနှစ်ယောက်ကို ပြန်ပေါင်းထုပ်ပေးတာမျိုးတော့မဟုတ်ပါဘူး။ တစ်ချို့က SE ကြိုက်ကြပါတယ်။ ချည်တိုင်ဟာ အပျော်ထက် အဆွေးများခဲ့တဲ့ဇာတ်ပါ။ အဆွေးတွေကြားထဲကမှ နူးညံ့မှုကို ဖွေရှာတွေ့ရှိကြသလိုမျိုးပေါ့။ လူတစ်ယောက်ရဲ့ အကြောက်တရား၊ နောက်ထက်လူတစ်ယောက်ရဲ့ မရင့်ကျက်မှုတွေ။ မဖွင့်အန်နိုင်တဲ့သူနဲ့ နားလည်မှုပါးတဲ့သူ တွေ့ရင် ပတ်သတ်မှုတစ်ခုတည်ဆောက်ရသိပ်ခက်တာကို အဓိက ပြောပြချင်တာပါ။ အစ်မက တောက်လျှောက် သူ့ရဲ့ အကြောက်တရားကိုဖုံးကွယ်ပြီး သန်မာချင်ယောင်ဆောင်ခဲ့(တကယ်လည်းသန်မာတဲ့အပိုင်းတွေရှိခဲ့ပါတယ်)

Jane ဟာလည်း နားမလည်နိုင်စွမ်းကို ချစ်ခြင်းမေတ္တာနဲ့ဖုံးဖုံးပစ်တတ်တဲ့ အချစ်ရူးရူးတတ်တဲ့ ကောင်မလေးဖြစ်နေတာ အစ်မ ကံကောင်းတာပါ။ ဇာတ်သိမ်းမှာ တအားလောသွားတယ်ဆိုတာက ဟန်အဲ့ထက်ပိုပြီး ဆွဲဆန့်ချင်စိတ်လည်းမရှိတာကြောင့်ပါ။ Tie Me Down episode ကိုတော့ လောသွားတဲ့ဇာတ်သိမ်းကြောင့် ရေးဖြစ်ခဲ့တာပါ။ အဲ့မှာ ဟန် အစုံပလုံကို တမင်ထည့်ရေးထားတာဗျ။ အန်ကယ်နဲ့ ညစာစားတာဆို သူတို့က မိသားစုတစ်ခုမဖြစ်သေးပေမယ့် ဘယ်လောက်ထိ နွေးထွေးနေနိုင်ပြီလဲဆိုတာမျိုးပေါ့။ အဲ့လိုပဲ အစ်မရဲ့အမေကို Jane က 'အစ်မကိုလက်ထပ်ချင်တယ်' လို့ တိုးတိုးလေး ပြောပြတဲ့အခန်းဆို တမင်ထည့်ရေးတာပါ။ တောက်လျှောက် မိခင်မေတ္တာငတ်ခဲ့တဲ့ Jane အတွက် အစ်မက သူကိုယ်တိုင်အပြင် သူ့မိခင်ကိုပါ Jane ဆီ လက်ဆောင်ပေးထားတဲ့သဘောတရားမျိုးပေါ့။

ချည်တိုင်Where stories live. Discover now