6

5.7K 711 23
                                    

ဒီစကြာဝဠာထဲမှာ ဂြိုလ်တစ်ခုကအစိုင်အခဲတွေပြုတ်ကျလာပြီး အခြားဂြိုလ်တစ်ခုဆီ ဝင်တိုက်တတ်ကြတယ်မလား။ အပျက်အစီးတွေပဲရှိနိုင်တာကို Jennie သဘောပေါက်ပါရဲ့။ သို့သော်လည်း အခုတလောတွေးနေမိသည်မှာ စကြာဝဠာထဲက ဝင်တိုက်မှုတွေမှာ အကောင်းဆုံးဝင်တိုက်မှုတွေ ထိပ်တိုက်ဆုံမှုတွေရှိနိုင်သေးသည်ဟုပင်။ အဓိပ္ပါယ်သိပ်မရှိသည့် ထိုအတွေးများသည် အစ်မ၏ ပါးတစ်ဖက်သို့ သူမ အနမ်းပေးလိုက်ရပြီးနောက် တန်းစီဖြစ်ပေါ်လာခဲ့သည်။ အစ်မဟာ သူမ ကြွေကျဝင်တိုက်မိခဲ့တဲ့ အကောင်းဆုံးအစိုင်အခဲတစ်ခုဖြစ်နေသည်ထင်သည်။

အစ်မသည် မနေ့က နီမြန်းနေသည့်မျက်နှာနှင့် သူ၏ကားအတွင်းသို့ ပြေးဝင်သွားခဲ့သည်။ Jennie ကိုတောင် နှုတ်ဆက်မသွားခဲ့။ Jennie ကတော့ လည်ပင်းထက်ကဆွဲကြိုးကိုကိုင်ရင်း အပြုံးတစ်ခုကိုနှုတ်ခမ်းမှာမြန်းလို့ အရူးတစ်ယောက်ကဲ့သို့ပြုံးနေမိခဲ့သည်။

အလုပ်သွားရမည်မို့ ယနေ့စောစောထ၍ပြင်ရသည်။ ဒယ်ဒီက လိပ်စာကတ်ပေးသည်။ ကတ်အပေါ်က ဖုန်းနံပါတ်များအား သူမဖုန်းထဲတွင် ရိုက်မှတ်လိုက်သည်။ အလုပ်လုပ်ရန် တောက်လျှောက်ငြင်းဆန်ခဲ့သမျှ ခုတော့ အလဟဿပါလားဟုတွေးမိပြန်သည်။ အစ်မနှင့်ဆုံပြီးသည့်နောက် Jennie သည် မကောင်းမြင်စိတ်များ၊ ဘက်တိုက်လိုစိတ်များ လျော့နည်းလာသည်ကိုဝန်ခံရမည်။ တည်ငြိမ်အေးချမ်းနေသည့် အစ်မအကြောင်းတွေးမိတိုင်း သူမစိတ်တို့ ယောက်ယက်ခတ်လာသည်။ ဂနာမငြိမ်ဖြစ်လာသည်။ ဥက္ကာခဲများသည် ကြယ်များကဲ့သို့ တဖြုတ်ဖြုတ်ကြွေကျနေသကဲ့သို့လည်းကောင်း၊ ကြယ်များသည် နှင်းများကဲ့သို့ တဖွဲဖွဲကျလာသကဲ့သို့လည်းကောင်း စိတ်အစဉ်သည် အစ်မအတွက်ဆို မတည်ငြိမ်။

"ဒယ်ဒီသွားပြီလား အန်တီကြီး"

"သွားပြီ Jennie မနက်စာစားသွားနော်"

သေချာပြင်ပေးထားသည့် စားပွဲပေါ်မှ အာဟာရဖြစ်မနက်စာကိုစားရင်း အစ်မရော ဒီမနက်ဘာစားပြီး အလုပ်သို့သွားသလဲဟုတွေးမိသည်။ Jennie အနည်းငယ်တော့ထူးဆန်းနေပြီမလား။ အစ်မဟာ မိန်းကလေးချင်းတွဲဖူးသည်ကိုသိပြီးတည်းက Jennie အခုလိုတွေဖြစ်တော့တာပဲ။

ချည်တိုင်Unde poveștirile trăiesc. Descoperă acum