7

5.5K 702 18
                                    

အစ်မ၏ ကင်မရာထံမှ မီးတဖြတ်ဖြတ်နှင့် တချက်ချက်ထွက်နေသည့် အသံသည် Jennie ကို ကမ္ဘာခြားတစ်ခုစီ ခေါ်ဆောင်နေသကဲ့သို့ခံစားနေရသည်။ အစ်မက သူမနဲ့မသိကျွမ်းပါဟု ပြောသတဲ့။

"Pose ပြောင်းမယ်။ အဝတ်အစား setting မိုက်တယ် ရိုက်ရတာ ပိုအဆင်ပြေနေတယ်"

အစ်မ၏စကားသည် အဝတ်အစားပြင်ပေးတာ သူမဆိုတာကိုမသိလို့ထွက်လာသည့်စကားဖြစ်လိမ့်မည်။

Shooting မပြီးခင်၌ပင် သူမ တစ်ဖက်ရုံးခန်းဆီ ကူးပြောင်းနေလိုက်သည်။ Jong Suk က magazine ဓာတ်ပုံများကို စစ်နေဟန်တူသည်။ Jennie ကို တစ်ချက်မျှပြုံးပြပြီး သူ့အလုပ်သူဆက်လုပ်နေသည်။ ခဏအကြာတွင် Jennie ထံသို့ စာရွက်တစ်ခုပေးလာခဲ့သည်။

"Chanel events တွေ Jennie ကျွန်တော်တို့အတူတူ သေချာကြိုးစားနိုင်မယ်လို့မျှော်လင့်ပါတယ်။ အန်ကယ်ပြောတာတော့ Jennie က အရည်အချင်းတွေကို ထုတ်မသုံးတာတဲ့လေ .. ထုတ်သုံးပေးပါဦး"

ရယ်မောကာပြောလာသည့် ထိုအမျိုးသားသည် ပျိုတိုင်းကြိုက်နိုင်သည့် နှင်းဆီခိုင်တစ်ခုဖြစ်နေနိုင်သည်မှာမလွဲ။ တစ်ဖက်မှ shooting ပြီးသည့်အခါ မင်းသမီးနှစ်ယောက်နှင့်အတူ အစ်မပါ အတူတူထွက်လာသည်။ သူသည် Jennie ကို ယခုမှစမြင်ဖူးသည့် မိန်းကလေးတစ်ယောက်ကဲ့သို့သာ ကြည့်နေသည်။ ငိုချင်လာသည်လား စိတ်တိုနေသည်လား သူမကိုယ်ကို မသဲကွဲ။

"Jisoo shii ကျွန်တော့်ကို အချိန်မပေးနိုင်သေးဘူးလား။ ဒီနေ့ညနေတော့ တစ်နာရီလောက်ပေးဗျာ။ ကျွန်တော်ပြောထားတာလဲကြာပြီပဲ"

Jong Suk သည် ရုံးခန်းတွင်း၌ မည်သူမှမရှိသကဲ့သို့ အစ်မကိုပြောနေသည်။

"ဘာလဲ Jong Suk တောင်းထားတဲ့ ထမင်းတစ်နပ်စာအတူစားချိန်ကို Jisoo ကအခုထိမပေးသေးတာလား။ လွန်ပြီကွာ"

Shin Min Ah ၏ စကားကြောင့် Jennie မျက်ဝန်းများ Jong Suk ကိုတစ်လှည့် အစ်မကိုတစ်လှည့်ကြည့်နေမိသည်။ ဖြစ်တည်မှုကြီးကို သိမ်ငယ်လာမိသည်။ အစ်မကြောင့် !! အဲ့ဒါ အစ်မကြောင့်။

"Jisoo က ယောက်ျားလေးတွေကို မမုန်းပါဘူး ဟုတ်တယ်မလား"

အစ်မ၏မျက်ဝန်းတို့သည် ဗလာဖြစ်နေသည်ဟု Jennie ခံစားနေရသည်။

ချည်တိုင်Where stories live. Discover now