Chapter-31

612 65 0
                                    

Zawgyi

လမ်းတစ်ဝက်လောက်ရောက်တော့ ကားကိုရပ်ကာခဏနားဖို့လုပ်ကြသည်။ထက်ဘုန်းသူ့လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့ ညနှစ်နာရီလောက်ရှိနေပြီဖြစ်သည်။ကောင်းထက်နှင့်စောမြတ်ကတော့ အပေါ့အပါးသွားဖို့အတွက် ကားပေါ်ကဆင်းဖို့လုပ်ကြသည်။ဖြိုးဉာဏ်ကလည်းထကာ သူတို့နောက်ကနေလိုက်သွားသည်။

ထက်ဘုန်းထိုင်နေရာမှ မတ်တပ်ရပ်လိုက်ကာ အခုထိမထသေးသောဆောင်းဦးကိုအပေါ်ကနေငုံ့မိုးကြည့်လိုက်သည်။ဆောင်းဦး၏မျက်နှာကရှုံ့မဲ့နေပြီး မျက်မှောင်ကြုံ့ထားသောကြောင့် သူစိတ်ပူကာ ဆောင်းဦးဘေးကိုသွားလိုက်သည်။ထို့နောက်သူ့ကိုနည်းနည်းလှုပ်ကာနှိုးလိုက်သည်။

"ဆောင်းဦး ခဏထပါဦး။လိမ္မာတယ်"

"အင်း ကိုထက်"

"မျက်နှာကဘာလို့မဲ့နေတာလဲ။နေလို့မကောင်းလို့လားဟင်"

"ကျွန်တော်အီလည်လည်ကြီးဖြစ်နေလို့။ပြီးတော့အန်ချင်သလိုလိုနဲ့"

"ဟုတ်လား၊အန်ကြည့်လိုက်မလား။နည်းနည်းသက်သာအောင်။လာ အောက်ဆင်းရအောင်"

ထက်ဘုန်းအရှေ့အကန့်မှာထည့်ထားတဲ့ရေဘူးနှင့်တစ်ရှူးထုပ်ကိုယူပြီးနောက် ဆောင်းဦးလက်ကိုဆွဲကာ ကားပေါ်မှဆင်းသွားလိုက်သည်။လူနည်းနည်းရှင်းသည့်တစ်နေရာကိုခေါ်သွားပြီးနောက် အန်လို့အဆင်ပြေမည့်နေရာတစ်နေရာကိုရှာလိုက်သည်။

ထို့နောက်ဆောင်းဦးကျောကိုပုတ်ပေးလိုက်တော့ ထင်သည့်အတိုင်းပင်အန်လာသည်။အန်နေတဲ့သူ့ကိုကြည့်ပြီး ထက်ဘုန်းစိတ်မကောင်း။ကြည့်ရတာတစ်ခါမှကားအကြာကြီးစီးဖူးသည့်ပုံမပေါ်။ဆောင်းဦးအန်လို့ပြီးသွားတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ရေဘူးကိုဆောင်းဦးအားပေးလိုက်သည်။ပြီးတော့မှတစ်ရှူးနှစ်ရွက်ထုတ်ကာ ဆောင်းဦးပါးစပ်ကိုသေချာသုတ်ပေးလိုက်သည်။

"ကျေးဇူးနော် ကိုထက်"

"ရပါတယ်၊အခုရောသက်သာရဲ့လား"

"ဟုတ် သက်သာသွားပြီ။ကားအကြာကြီးစီးတာကအကျင့်မဖြစ်သေးတော့ကားနည်းနည်းမူးသွားတာထင်တယ်။ကျွန်တော်ကခရီးအဝေးကြီးတစ်ခါမှမသွားဖူးဘူးလေ"

My Nerdy BoyWhere stories live. Discover now