Chapter-5

1K 115 8
                                    

Zawgyi

ဆောင်းဦးကစားပုံက သိပ်တော့မဆိုးလှပေ။အရမ်းကြီးကစားတတ်တဲ့ အထဲမှာမပါပေမယ့် ထက်ဘုန်းကလည်း နည်းနည်းပါးပါး သင်ပေးသောကြောင့် အရင်ကထက်တော့ပို၍တိုးတက်လာသည်။(၃)ရက်အတွင်းမှာ တော်တော်တိုးတက်လာသောကြောင့် မဆိုးဘူးလို့တော့ပြောလို့ရသည်။အဖွဲ့ထဲကလူတွေနဲ့လည်း အချိတ်အဆက်မိမိကစားနိုင်သည်။

အဲ့လိုပြောလို့ သူတို့နဲ့ရင်းနှီးသွားလားဆိုတော့လည်း မဟုတ်ပေ။သူ့ဘာသာသူလာရမယ့်အချိန်လာပြီး ပြန်ရမယ့်အချိန်ပြန်သွားသည်။တချို့တွေကတော့ ထင်ကြသည်။ဆောင်းဦးစက်ကစာတော်လို့ ဆိုပြီးတော့ မာန်တက်ပြီး သူတို့နဲ့မပေါင်းချင်တာလို့ပေါ့။တကယ်တော့ဆောင်းဦးက နဂိုကတည်းကခပ်အေးအေးသာနေတတ်သော ကောင်လေးသာမို့လို့ပေ။သူငယ်ချင်းထားရတာကိုလည်းသဘောမကျ။တစ်ယောက်တည်းသာအေးအေးဆေးဆေးနေဖြစ်သည်။ဖြိုးဥာဏ်သော်နှင့်ပေါင်းဖြစ်တာကလည်း နှစ်စကတည်းကဖြိုးဥာဏ်ကသူ့အပေါ်ဖော်ဖော်ရွေရွေရှိ၍သာ ပေါင်းမိသွားခြင်းဖြစ်သည်။

ဒါတောင်အစပိုင်းမှာ ဆောင်းဦးက ဖြိုးဥာဏ်ဘက်ကစကားစမှသာ သူကနည်းနည်းပါးပါးလောက်ပြောတာ။နောက်ပိုင်းကျမှ တော်တော်လေးခင်လာတာဖြစ်သည်။သူငယ်ချင်းတစ်ယောက်ထားဖို့ကို အခက်အခဲရှိသောသူ့အတွက် ဖြိုးဥာဏ်လိုသူငယ်ချင်းရထားတာက တကယ့်ကိုဆုအကြီးကြီးရထားသလိုပင်။သူ့ရဲ့ပထမဆုံးသူငယ်ချင်းဟုဆိုလို့ရသောကြောင့် သူဖြိုးဥာဏ်အပေါ်မှာ အတော်လေးကိုသံယောဇဉ်ရှိသည်။

♤♤♤♤♤♤♤♤♤♤

ဒီနေ့လည်းခါတိုင်းလိုပဲ basketball trainingဆင်းကြရသည်။Keyကလည်းလုပ်နေကျအတိုင်းပင် ထက်ဘုန်းကိုထိုင်ကာစောင့်နေသည်။သူတို့ကစားနေရင်း ဆောင်းဦးကခြေချော်သွားသောကြောင့် ဘုန်းကနဲပင်လဲကျသွားသည်။သူနာသွားသောကြောင့် ညည်းလိုက်မိသည်။ရုတ်တရက်ဖြစ်သွားသော အခြေအနေကြောင့် ကစားနေသောသူများလည်း ရပ်တန့်ကာ ဆောင်းဦးကို ကြောင်ကြည့်နေကြသည်။တစ်ယောက်မှတော့ သွားမထူပေးကြ။

နောက်တော့မှထက်ဘုန်းကအရင်ဆုံး အသိဝင်လာကာ ဆောင်းဦးကို အမြန်သွား၍ပြေးထူရသည်။ဆောင်းဦးမျက်နှာလေးကို ကြည့်လိုက်တော့ငိုမဲ့မဲ့နှင့်။ဟိုးတစ်နေ့က အိမ်သာထဲကပြေးထွက်လာရင်း သူ့ကိုဖက်ပြီးကျေးဇူးတင်စကားပြောတာကိုတောင် မဆီမဆိုင်ဘဲပြန်သတိရမိသွားသေးသည်။

My Nerdy BoyWhere stories live. Discover now