Chapter-38

496 71 2
                                    

Zawgyi

သူ့ခံစားချက်ကိုသိပြီးတဲ့နောက်မှာ ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် ကံကြမ္မာကအခွင့်အရေးမပေးတာရော၊သူကိုယ်တိုင်ကကြောက်နေတာရောကြောင့် သူအခုထိဖွင့်မပြောရသေးပေ။ဒီကြားထဲရှင်နှောင်းက ထက်ဘုန်းနားကိုလိုတာထက်ပိုပြီး အရောဝင်နေသောကြောင့် ဆောင်းဦးအတွက် စိတ်အနှောင့်အယှက်တော်တော်ဖြစ်ရသည်။

အချစ်ဆိုတာပထမဆုံးခံစားဖူးတာကြောင့် အမှန်တိုင်းပြောရရင် ဒီအခြေက ပင်ပန်းလွန်းသည်။ထက်ဘုန်းကတော့ ရှင်နှောင်းကို အတတ်နိုင်ဆုံးရှောင်နေပေမယ့် သူစိတ်ပူနေမိသည်။ထက်ဘုန်းကိုစောင့်ခိုင်းထားတာလည်း တော်တော်လေးကြာနေပြီဟုပြောလို့ရသည်မို့လို့ သူသာစိတ်ကုန်ပြီတခြားတစ်ယောက်ဘက် စိတ်ယိုင်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးက သူ့ကိုညတိုင်းအိပ်ရေးပျက်အောင်လုပ်နေသည့် အဓိကတရားခံ။

နောက်ဆုံးစာမေးပွဲနီးသောကြောင့် စာဘက်ကိုသာပိုအာရုံစိုက်နေရသဖြင့် သူထက်ဘုန်းနှင့်အများကြီးစကားမပြောဖြစ်ခဲ့ပေ။ကျောင်းပိတ်တော့လည်း လူချင်းမတွေ့ဖြစ်သောကြောင့် သူ့ရဲ့အဖြေပေးမည်ဆိုသည့် အကြံအစည်က ဘယ်ကိုရောက်လို့ရောက်သွားမှန်းတောင်မသိတော့။တဖြည်းဖြည်းနှင့်တစ်လပြီးတစ်လကုန်ဆုံးလာရာ သူတို့လည်း ကျောင်းပြန်တက်ရမည့်အချိန်ကိုပြန်ရောက်လာသည်။

နောက်တစ်နှစ်ရောက်သွားသော်လည်း ငယ်ငယ်တုန်းကအစိုးရကျောင်းမှာတက်ခဲ့သလို အတန်းပြောင်းတာတွေဘာတွေလည်းမရှိသောကြောင့် စိတ်လှုပ်ရှားစရာတော့သိပ်မရှိပေ။အရင်နှစ်တွေတုန်းကလိုပုံမှန်အတိုင်း ကျောင်းတက်၊ကျောင်းပြန်ရင်းနှင့်သာ လည်ပတ်ခဲ့သည်။

သို့ပေမယ့်နောက်ဆုံးနှစ်ဖြစ်သောကြောင့် ဆောင်းဦးစာကြည့်ချိန်ကိုပိုတိုးခဲ့ရသည်။ဖုန်းသုံးတာလည်းအရင်ကထက်ပိုနည်းလာပြီး သူ့ရဲ့အချိန်အများစုကအိမ်မှာစာလုပ်ရင်း ကုန်ဆုံးရသည်။မျက်မှန်ပါဝါကလည်း ယခင်ကထက်စာရင် နည်းနည်းပိုတိုးလာသောကြောင့် သူအတတ်နိုင်ဆုံးဖုန်းကိုမသုံးဖြစ်အောင် သတိထား၍နေနေရသည်။

My Nerdy BoyWhere stories live. Discover now