Chapter-18

806 87 20
                                    

Zawgyi

ထက်ဘုန်း ဖြိုးဉာဏ်တို့ကိုလိုက်ပို့ပြီးနောက် ဧည့်ခန်းထဲကိုပြန်ဝင်လာတော့ ခုနကတည်ငြိမ်ချင်ယောင်ဆောင်နေသော နှစ်ကောင်သားကထက်ဘုန်းကိုဝိုင်းကာ ဟားတိုက်ကြသည်။

"ဟားဟား ထက်ဘုန်းညီတို့ကတော့ကွာ ကံကောင်းချက်ပဲ။ခွေးနဲ့လူနဲ့များမှားပြီးအနမ်းခံရတယ်လို့"

"အေးကွာ ကိုယ်သဘောကျနေတဲ့သူဆီကအနမ်းခံရလို့ပဲပျော်ရမလား၊ခွေးနဲ့မှားပြီးအနမ်းခံရလို့ငိုရမလား လမ်းပျောက်နေပြီကွာ ဟားဟားဟား"

သူတို့စကားတွေကြောင့် ထက်ဘုန်းမျက်နှာကြီးမဲသထက်ပိုမဲလာကာ စကားများနေကြသော နှစ်ကောင်စလုံးကို ခြေထောက်နှင့်ဆောင့်ကန်လိုက်သည်။

"အာ့ နာတယ် ခွေးကောင်ရ။အားကြီးနဲ့ကန်ရလား"

"မင်းတို့နှစ်ကောင်ကအလကားနေရင်းစကားများနေတာလေ။ကိုယ့်ဘာသာကိုယ်ပါးစပ်ပိတ်ပြီးဘာလို့မနေကြတာလဲ"

"မင်းကလည်းဒီနေ့ဖြစ်သွားတာကဒီလောက်ရီရတာကိုကွာ။မင်းကိုတော့အားနာပါတယ် ငါတို့မှာခုနကရီချင်စိတ်ကိုမနည်းထိန်းထားရတာ"

"အေးကွာ ပေါက်ပေါက်ရှာရှာခွေးနဲ့မှမှားပြီးအနမ်းခံရတယ်လို့ကွာ။တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမကြားဖူးပါဘူး။ပြောရင်းနဲ့တောင်ရယ်ချင်လာပြီ ဟားဟားဟား"

"ဒီနှစ်ကောင်ကတော့အခုထိပါးစပ်မပိတ်နိုင်သေးဘူးလား သွား သွား မင်းတို့သွားလိုက်တော့ မဟုတ်ရင်ငါမင်းတို့နှစ်ကောင်စလုံးကိုဆောင့်ကန်မိတော့မယ်"

နည်းနည်းလောက်အသံကိုမြှင့်ကာဟောက်လိုက်တော့မှ နှစ်ယောက်စလုံးကငြိမ်ကျသွားကာ ထက်ဘုန်းကိုခေါ်၍မျက်နှာချိုသွေးကြသည်။

"ဟဲဟဲ ထက်ဘုန်းကလည်း ငါတို့ကအချင်းချင်းစတာပါကွာ။ဒီမှာသောက်လို့တောင်မပြီးသေးတာကို မင်းကငါတို့ကိုမောင်းထုတ်ရက်တယ်ပေါ့ ဟုတ်လား"

"သေချာပေါက်ပဲပေါ့ မောင်းမထုတ်ရက်ရအောင်မင်းတို့ကဆောင်းဦးလား။ဆောင်းဦးဆိုရင်တော့ဒီမှာတစ်သက်လုံးနေရင်တောင်ရတယ်"

My Nerdy BoyWhere stories live. Discover now