Chapter-25

687 79 12
                                    

Zawgyi

ဆောင်းဦးနှင့်သူရဘေးချင်းယှဉ်ကာ အိမ်ထဲသို့ဝင်လာသည်။အခုမှမုန့်လုံးရေပေါ်လုံးနေတုန်းပဲရှိ​သေးတာကြောင့် သူတို့ဧည့်ခန်းမှာပဲ စောင့်နေဖို့လုပ်လိုက်သည်။ဧည့်ခန်းနားလျှောက်သွားရင်း ရင်းနှီးနေသောစကားပြောသံကေကာင့် ဆောင်းဦးခြေလှမ်းနည်းနည်းတန့်သွားသည်။

"အစ်ကို ဘာဖြစ်လို့ရပ်သွားတာလဲ။ခေါင်းမူးလို့လား"

"ဟင် ဪ ဘာမှမဟုတ်ပါဘူး"

ဆောင်းဦးဖြည်းဖြည်းချင်းစီဧည့်ခန်းနားကိုလျှောက်သွားလိုက်သည်။ဧည့်ခန်းထဲမှာ ကောင်းထက်၊စောမြတ်နှင့်ဖြိုးဉာဏ်တို့က ဆိုဖာပေါ်မှာအခန့်သားထိုင်ကာ တီဗီကြည့်နေကြသည်။ထက်ဘုန်း၏အသံကိုကြားပြီး လူကိုမတွေ့တာကြောင့် မျက်လုံးကိုဝေ့ဝိုက်ကြည့်လိုက်တော့ ထက်ဘုန်းကထောင့်နားမှာထိုင်နေတာကိုတွေ့ရသည်။ဘေးမှာလည်းကလေးတွေကပတ်ပတ်လည်ထိုင်နေပြီး ထက်ဘုန်းပြောပြတာကို စိတ်ဝင်တစားနားထောင်နေကြသည်။ကြည့်ရတာတော့ ပုံပြင်ပြောပြနေသည်ထင်ပါသည်။

ထက်ဘုန်းကပုံပြောပြနေရင်းခေါင်းအမော့ ဧည့်ခန်းအရှေ့မှာ သူ့ကိုပြူးကြောင်ကြောင်နှင့်ကြည့်နေသောဆောင်းဦးနှင့်အကြည့်စုံသွားသည်။အိပ်ရေးဝဝအိပ်ထားလို့လားတော့မသိ၊မျက်နှာလေးကဖောင်းအစ်နေသည်။သူပြုံးပြလိုက်တော့ ဆောင်းဦးကမျက်နှာနီရဲသွားသည်။ရုတ်တရက်သူ့အကြည့်က ဆောင်းဦးရဲ့လက်ဆီကိုရောက်သွားသည်။သူ့ဘေးကပါလာတဲ့သူကဆောင်းဦးလက်ကိုဆွဲထားသောကြောင့် သူအံကြိတ်လိုက်သည်။ဒါကိုဆောင်းဦးကတွေ့သွားတော့ အလန့်တကြားနှင့်လက်ကိုရုန်းလိုက်သည်။ဘာလို့ရုန်းလိုက်မိမှန်း သူကိုယ်တိုင်လည်းမသိ။

"ကိုကြီး တားတို့ကိုပုံပြင်ဆက်ကြောကြလေ။ဘာရို့ ကိုကြီးဆောင်းဦးကိုပဲ ကြည့်နေရတာရဲ"

"အဟမ်း ဘာမှမဟုတ်ပါဘူး။အစ်ကိုဆက်ပြောပြမယ်နော်"

ထက်ဘုန်းရှက်ရှက်နှင့်ခေါင်းကိုကုတ်လိုက်ပြီးမှ ခုနကပြောပြနေသောပုံပြင်ကိုဆက်ပြောပြနေလိုက်သည်။ဆောင်းဦးတို့နစ်ယောက်စလုံးက ဆိုဖာမှာဝင်ထိုင်လိုက်သည်။ဖြိုးဉာဏ်ကဆောင်းဦးကိုတွေ့တော့ သူထိုင်တဲ့ဘေးမှာဝင်ထိုင်လိုက်ကာ နှဖူးကိုလာစမ်းသည်။

My Nerdy BoyWhere stories live. Discover now