Chapter-37

513 62 4
                                    

Zawgyi

သူတို့နှစ်ယောက်ချိန်းထားတဲ့နေရာကိုရောက်တော့ ထက်ဘုန်းတို့သုံးယောက်ကမရောက်ကြသေးပေ။သူတို့နည်းနည်းစောရောက်သွားလို့ထင်ပါသည်။နေရာအလွတ်တစ်နေရာမှာထိုင်ရင်း သူတို့ကိုစောင့်ဖို့ဆုံးဖြတ်လိုက်ကြသည်။နေရာမှာထိုင်ထိုင်ပြီးချင်း waiter တစ်ယောက်က သူတို့နားကိုရောက်လာကာ menu စာအုပ်ကိုလာပေးသည်။

ဖြိုးဉာဏ်သူ့ဆီမှ menu ကိုယူလိုက်ပြီးနောက် ဘာမှာရမလဲဆိုတာ တစ်ချက်ကြည့်လိုက်သည်။ဖြိုးဉာဏ်မှာပြီးတော့မှ ဆောင်းဦးလည်း သူစားမည့်ဟာကိုမှာလိုက်သည်။အစားအသောက်တွေရောက်လာမည့်အချိန်ကိုစောင့်ရင်း သူတို့နှစ်ယောက်စကားပြောနေလိုက်ကြသည်။

နောက်ငါးမိနစ်လောက်နေတော့ ကောင်းထက်နှင့်စောမြတ်ကရောက်လာသည်။သူများကျွေးတာစားရတော့မည့်အတွက် နှစ်ယောက်စလုံးမျက်နှာကစပ်ဖြီးဖြီးနှင့်ဖြစ်နေကြသည်။သူတို့လာပြီးမကြာပါဘူး၊ထက်ဘုန်းလည်းရောက်လာသည်။Hoodie အဖြူရောင်ဝတ်ပြီးပွယောင်းနေသောဆံပင်နှင့်ဆိုင်ထဲဝင်လာသော ထက်ဘုန်းကလူတိုင်းရဲ့မျက်လုံးထဲမှာလုံးဝကန့်လန့်။မျက်နှာကလည်းဆူပုတ်နေပြီး တစ်ခုခုကိုအလိုမကျသည့်ပုံဖြစ်နေသည်။

ထိုင်ထိုင်ပြီးချင်းဆောင်းဦးကို စိုက်ကြည့်လာသောကြောင့် ဆောင်းဦးပင်နည်းနည်းလန့်သွားသည်။ကိုထက်ဘာဖြစ်နေတာပါလိမ့်။သူစိတ်ထင်တာပဲလားတော့မသိ ခုနကဖုန်းဆက်ကတည်းက တစ်မျိုးကြီးဖြစ်နေသလိုပဲ။

"ဟေ့ရောင် ထက်ဘုန်း၊ဘာဖြစ်လာတာလဲ။ရုပ်ကလည်းဆူပုတ်နေတာပဲ"

"ဟင့်အင်း ဘာမှမဖြစ်ဘူး။ဒီတိုင်းပဲကွာ"

"ဘာမှမဖြစ်ရင်လည်းပြီးရော။မင်းကိုလူတွေကြည့်နေတာသိလား"

"ကြည့်ကြည့်ပေါ့။ဘာဂရုစိုက်ရမှာလဲ။ငါချောလို့ကြည့်တာနေမှာပေါ့။ထားလိုက်"

"ဪ မင်းကိုလည်းမပြောတော့ဘူး။ကိုယ့်ရုပ်ကိုယ်တောင်မှန်ထဲကြည့်လာရဲ့လားရောမသိဘူး"

"မသိဘူးကွာ။ငါစိတ်မကြည်ဘူး။တိုးတိုးနေ။မဟုတ်ရင်ငါမင်းကိုလုပ်မိတော့မယ်"

My Nerdy BoyWhere stories live. Discover now