Zawgyi
ဒီနေ့ကတော့ ဆောင်းဦီးတို့ အခန်းရဲ့ ECက သူတို့တစ်နှစ်တာ လုပ်ရမည့်အရာတွေကို အစီအစဉ်အတိုင်းဖတ်ပြနေသည်။ဒါကလည်း သူတို့ကျောင်းရဲ့ထုံးစံဖြစ်သည်။ကျောင်းတက်ပြီး သုံး၊လေးလလောက် အကြာမှာ ကျောင်းကဆရာတွေက ဘာလုပ်ရမလဲ ဆိုတာကို အစီအစဉ်ဆွဲပေးပြီး အတန်းအသီးသီးရှိECတွေက ထိုအရာများကိုပြန်ဖတ်ပြရသည်။
"အိုကေ ငါတို့ရဲ့ဒီနှစ်အတွက်လုပ်ရမယ့်ဟာတွေကို ဖတ်ပြမယ်နော်။ပထမဆုံးကgroup project။ငါးယောက်တစ်ဖွဲ့ဖွဲ့ရမယ်။အဖွဲ့ရဲ့ခေါင်းဆောင်ကိုတော့ ဖွဲ့ပြီးမှ ကိုယ့်ဘာသာကိုယ်တိုင်ပင်ပြီးရွေးရမယ်။လုပ်ရမယ့်projectကnotice boardမှာကပ်ထားမှာ။ပြီးမှသွားကြည့်လို့ရတယ်။Projectတင်ပြလို့အကောင်းဆုံးရတဲ့အဖွဲ့ကလူတွေကို နောက်ဆုံးစာမေးပွဲရောက်ရင် အမှတ်ထည့်ပေါင်းပေးသွားမှာ"
"နောက်တစ်ခုက ပထမနှစ်ဝက်စာမေးပွဲဖြေပြီးရင် tripသွားရမယ်။ဘယ်ကိုလဲဆိုတာကတော့ နီးမှပြန်ပြောမယ်။အခုတော့မစဉ်းစားရသေးလို့တဲ့။လိုက်မယ့်လူက စာရင်းပေးရမယ် နောက်မှ"
ECရဲ့စကားအရှည်ကြီးကိုနားထောင်ပြီးသည့်နောက်မှာတော့ အတန်းထဲကလူတွေကprojectအတွက်လူစဖွဲ့ကြသည်။ပြဿနာက အဲ့ဒီမှာစတက်တော့တာပဲ။ဆောင်းဦးတို့နှစ်ယောက်က ဘယ်အဖွဲ့ထဲဝင်ရမလဲခေါင်းစားနေကြသည်။လူတွေကလည်း သူတို့အဖွဲ့နှင့်သူတို့အဆင်ပြေနေကြရာ သူတို့နှစ်ယောက်တည်း ကွက်ကျန်နေသည်။
ယောင်လည်လည်ဖြစ်နေသော ဆောင်းဦးတို့နှစ်ယောက်ကိုမြင်တော့ ထက်ဘုန်းကသူတို့နားကို လျှောက်သွားလိုက်သည်။
"ဆောင်းဦးစက်"
"ဟင် ဪ ကိုထက်ဘုန်း....အာ ကိုထက်ဘုန်းညီ"
"ကိုယ့်နာမည်ကိုတောင်မနည်းစဉ်းစားနေရတာလား ဟမ်"
"မဟုတ်ပါဘူး။ရုတ်တရက်ဆိုတော့နည်းနည်း အင်း မသိတော့ဘူး"
"စတာပါ ဘာလို့အဲ့လောက်လန့်နေရတာလဲ။ဪ အခုမှသတိရတယ်။ခြေထောက်သက်သာသွားပြီလား"
"ဟုတ် နှစ်ရက်လောက်နေတော့ တော်တော်ကို သက်သာသွားပြီ နည်းနည်းလေးတောင် မနာတော့ဘူး"
YOU ARE READING
My Nerdy Boy
RomanceYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021