Chapter-19

736 86 26
                                    

Zawgyi

မျက်နှာကိုတစ်ခုခုက လိုက်ပွတ်သပ်နေသောအသိကြောင့် ဆောင်းဦးညည်းတွားကာ မျက်လုံးကိုအနည်းငယ်ဖွင့်လိုက်သည်။Chocoကသူ့အပေါ်တက်ကာ သူ့မျက်နှာကိုလျှာနှင့်လိုက်ယက်နေသောကြောင့် သူ့ရဲ့အမွှေးဖွားဖွားခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။

(၅)မိနစ်လောက်ပြန်မှေးပြီးနောက် သူအိပ်ရာကထဖို့ပြင်လိုက်သည်။Chocoကိုဖက်ထားတာကိုလွှတ်ပေးလိုက်တော့ သူကတံခါးနားကိုပြေးသွားသည်။ဆိုလိုတာကသူအခန်းအပြင်ကိုထွက်ချင်သည့်သဘော။ဆောင်းဦးလည်းပြုံးကာ သူ့နားသွားပြီး တံခါးကိုဖွင့်ပေးလိုက်တော့ အောက်ထပ်သို့ချက်ချင်းပြေးဆင်းသွားသည်။

သူဆင်းသွားတော့မှ ဆောင်းဦးလည်းအခန်းတံခါးကိုပြန်ပိတ်ကာ ကျောင်းသွားဖို့ပြင်ဆင်ရတော့သည်။အဝတ်အစားလဲပြီး လွယ်အိတ်လွယ်ကာ မနက်စာစားရန်အောက်ထပ်ကိုဆင်းလာသည်။ထမင်းစားခန်းထဲကိုဝင်လာတော့ Chocoကိုပိုက်၍ချစ်ကြည်နူးနေကြသောသူ့အစ်ကိုနှင့်ဖြိုးဉာဏ်ကိုတွေ့သောကြောင့် နှာခေါင်းရှုံ့လိုက်သည်။Chocoကတော့ဖြိုးဉာဏ်၏ရင်ခွင်ထဲမှာ မျက်လုံးလေးကလယ်ကလယ်နှင့်စားပွဲပေါ်က အစားအစာတွေကိုကြည့်နေရှာသည်။ဆောင်းဦးလွယ်အိတ်ကိုချပြီးနောက် သူတို့နားကိုသွားလိုက်ကာ Chocoကိုလှမ်းချီလိုက်သည်။

"ငယ်လေး နိုးပြီလား။ထိုင် မနက်စာစားလေ"

"ဟုတ် ကိုကြီး။ခဏနော် ကျွန်တော်Chocoအတွက် အရင်ပြင်ပေးလိုက်ဦးမယ်"

"မေကြီး ပြင်ပြီးသွားပြီ သားလေးရဲ့။ကိုယ့်ဘာသာကိုယ်မနက်စာထိုင်စား။မေကြီးသူ့ကိုကျွေးပေးမယ်"

အနောက်ဘက်မှထွက်လာသည့် သူ့အမေ၏အသံကြောင့် ဆောင်းဦးလည်းChocoကိုသူ့အမေ၏လက်ထဲသို့ထည့်ပေးလိုက်သည်။မနက်စာစားရတော့မည်ဖြစ်သောကြောင့် Chocoကအမြီးလေးနှံ့ကာပါသွားတော့သည်။

သူတို့ထွက်သွားမှ ဆောင်းဦးလည်းခုံမှာထိုင်ကာ မနက်စာစားဖို့လုပ်တော့သည်။လေပြည်ပေးသော နန်းကြီးသုပ်ပန်းကန်ကိုယူကာ ခေါင်းငုံ့၍စားတော့သည်။တစ်ချက်တစ်ချက် သူ့အစ်ကိုနှင့်ဖြိုးဉာဏ်ကိုကြည့်မိသွားတိုင်း သီးသွား၍ရေသောက်ရတာလည်းခဏခဏပင်။

My Nerdy BoyWhere stories live. Discover now