|| 29 ||

10.2K 1.9K 169
                                    

{Unicode}

ကျန့်ကျီးယွီ၏ အမူအရာသည် သဘာဝမကျ ဖြစ်နေပြီး မျက်လုံးတွေက အနည်းငယ် တိမ်းရှောင်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက ပြောလာသည်။
"အဲ့နေ့က ကျွန်တော် ရန်ရန်နဲ့ အပြင်ထွက်သွားတာ။ Nightclub တံခါးဝမှာ လူတစ်ယောက်က မူးနေတာဗျာ၊ ရန်ရန်ကို သူနဲ့အဖော်လုပ်ပေးပါ ဘာညာဆိုတာနဲ့ ကျွန်တော်လည်း အဲ့လူကို ဆွဲထိုးလိုက်တာ။"

သူ လိမ်လည်နေသည်ဟု တင်းရှောင်းဝေ အလိုလို ခံစားမိနေသည်။

ရန်ရန်သည် ကျန့်ကျီးယွီနှင့် အဆင်ပြေနေသည့် ကောင်ငယ်လေး ဖြစ်သည်။ သူတို့နှစ်ဦး ညအချိန် nightclub ၌ ဟေးလားဝါးလား လုပ်သည်ဟု သူ စဉ်းစားမိပါလျှင် တစ်ခုခုသည်တော့ လွဲမှားနေသလို ထင်လာမိ၏။

တင်းရှောင်းဝေ ပြောလိုက်သည်။
"ဟမ်... ဒါက မရိုးရှင်းဘူး၊ မင်း ငါ့ကို လိမ်နေတာလား။"

ကျန့်ကျီးယွီ၏ မျက်နှာ နီလာပြီး
"မဟုတ်ပါဘူး... ဘာပဲဖြစ်ဖြစ် အဲ့ဒီ့လူကသာ ရန်ရန့်ကို အရင်ဆုံးစပြီး အနိုင်ကျင့်တာ။"

တင်းရှောင်းဝေ မယုံကြည်သေးပေ။ တစ်ခုခုကို ဖုံးကွယ်ထားပြီး သူ့ကို ပြောပြဖို့ ငြင်းဆန်နေသည်ဟုသာ ခံစားနေရသည်။ သို့သော်ငြား သူ မည်မျှပင်မေးမြန်းပါစေ၊ ကောင်လေး၏ ပါးစပ်သည် အလွန်ကို မလျှော့တမ်းတင်းမာပြီး အကြောင်းအရာတို့ဟာ သူ(ကျီးယွီ)ပြောခဲ့သလိုသာ ဖြစ်ကြောင်း ခုခံနေကာ မည်သည်ကိုမျှ ထပ်မပြောတော့ပါချေ။

အဆုံး၌ တင်းရှောင်းဝေသည်လည်း ပူလောင်လာပြီး ရှောင်ကျန့်၏ ဆေးရုံကိစ္စအဝဝကို ကိုင်တွယ်ကာ အိမ်သို့ အရင်ပြန်လာခဲ့လိုက်သည်။

သာမန် သဝန်တိုမှုဆိုလျှင်တော့ တင်းရှောင်းဝေ ထိုကောင်လေးကို ဂရုစိုက်မည် မဟုတ်တော့ပေ။ သူ၏ဘဝ၌ သဝန်တိုမှုကြောင့် အခြားသူနှင့် ရန်ဖြစ်ခြင်းဟူ၍ မရှိခဲ့ချေ။ ထိုကောင်လေး၏ ဘဝက ပြီးပြည့်စုံခြင်း မရှိသေးပေ၊ သည့်အပြင် ပြဿနာကြီးကြီးမားမား မခံစားရ၍သာ တော်တော့သည်။ ထိုကလေးကို သင်ခန်းစာကောင်းကောင်းတစ်ခုတော့ ပေးရပေမည်။

တင်းရှောင်းဝေ အိမ်ပြန်ရောက်သည့်နောက် လုပ်စရာတွေ အများကြီး ရှိနေသေးသည်။ ပထမဆုံးအနေဖြင့် သူနေထိုင်ရာ လူနေတိုက်ခန်း၌ပင် အခြားအိမ်ခန်းတစ်ခန်း ငှါးလိုက်သည်။

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now