|| 24 ||

10K 2K 158
                                    

{Unicode}

တစ်ဖက်က တိတ်ဆိတ်မှုဟာ ကြာရှည်မခံလိုက်ပေ။ သိပ်မကြာခင်မှာပဲ ကျိုးကျင်ရှင်းက တည်တည်ငြိမ်ငြိမ် ပြောလာသည်။
"ကျုံ့ရှန်း... မင်း ဘာတွေပြောနေတယ်ဆိုတာ ငါ နားမလည်ဘူး။"

ကျိုးကျုံ့ရှန်းက လှောင်ရယ်သည်။
"အာ့ကော... ဘာလို့ ဟန်ဆောင်နေတာလဲ၊ ကျွန်တော် စုံစမ်းထားပြီးသား။ အစ်ကိုပျောက်သွားတုန်းက သူ့အိမ်မှာ နှစ်တစ်ဝက်ကျော်လောက် နေနေခဲ့တာ။ အဲ့ဒီ့နေ့တုန်းက ကုမ္ပဏီမှာ သူက သာမန်အခန်းဖော်နဲ့ တူနေပေမဲ့ ကျွန်တော့်လက်ထဲမှာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ သက်သေရှိထားပြီးသားနော်။ ဒါပေမဲ့ အစ်ကို စိတ်လှုပ်ရှားကြောက်ရွံ့နေဖို့ မလိုပါဘူး၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး ကျွန်တော့်အာ့ကောရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးနိုင်ပါ့မလဲ။ တကယ်တော့ အစ်ကိုက gay ဆိုတာကိုသာ အပြင်လူတွေ သိသွားရင် အစ်ကို ခက်ခက်ခဲခဲကြိုးပမ်းတည်ဆောက်ထားခဲ့ရတဲ့ ပုံရိပ်က ပျက်စီးသွားမှာလေ။"

ကျိုးကျင်ရှင်းရဲ့ အသံက အနည်းငယ် တိမ်ဝင်သွားသည်။
"ကျုံ့ရှန်း... မင်း အသက်ပဲ(၂၀)ရှိနေပြီ၊ ဘာလို့ ပိုပြီး ရင့်ရင့်ကျက်ကျက်နဲ့ မစဉ်းစား မချင့်ချိန်ရတာလဲ။ မင်းရဲ့မရီးနဲ့ငါက အဆင်ပြေနေပြီးသား... ငါ လိပ်ပြာလုံတယ်။ ငါ ပျောက်သွားခဲ့တဲ့ ခြောက်လအတွင်းမှာ တခြားလူတွေက မကောင်းတဲ့ခန့်မှန်းခြေတွေ တွက်ထုတ်နေတယ်ဆိုရင် သေချာစဉ်းစားကြည့်လိုက်တော့ မင်းကြောင့်လည်း ပါတာပဲ။ ငါ မင်းကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ မင်း ဘာလို့ အရမ်းကို ရန်လိုနေရတာလဲ။ မင်း အာရုံကို နေရာမှန်မှာပဲထားပြီး စာပဲကြိုးစားစမ်းပါ။ တစ်နေကုန်လုံး ဒီကိစ္စတွေပဲ လိုက်စဉ်းစားနေတာ မင်းအတွက် ပိုကောင်းနေလို့လား။ ငါက ကျိုးအိမ်တော်မှာ နေဖို့ မထိုက်တန်ဘူးလို့ မင်း တွေးနေတာကို ငါ သိတယ်။ ဒါပေမဲ့ ဘာပဲဖြစ်နေနေ ငါက မင်းရဲ့ အစ်ကိုပဲ။ အခု အဘိုးက အရမ်း နေမကောင်းဖြစ်နေတာ၊ မင်းရဲ့ ဒေါသစိတ်ကလေးကို ဘေးဖယ်ထားပြီး ငါ့ကို အခက်အခဲတွေ ဝိုင်းကူပေးလို့ရမလား။"

ကျိုးကျုံ့ရှန်းက ဒေါသကြောင့် မျက်နှာနီရဲလာသည်။
"ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ့၊ အစ်ကို့စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ တခြားလူတွေက အရူးတွေ၊ မမြင်ရဘူးလို့ ထင်မနေနဲ့။ ကျိုးကျင်ရှင်း ဘာလို့ဒီလောက်တောင် ကြောင်သူတော် လုပ်နေရတာလဲ!"

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now