(၅၁) ကူညီပါ || ကူညီပါ

8.9K 1.6K 72
                                    

{Unicode}

ဤယာဉ်စစ်ဆေးခြင်းလက်မှတ်ကို လွန်ခဲ့သည့် လအနည်းငယ်က စဖွင့်ထားခြင်းဖြစ်ပြီး ဤယာဉ်အား လူတစ်ဦးတစ်ယောက်တည်းသာမဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုမှ ပိုင်ဆိုင်ကြောင်း ဖော်ပြထားကာ အဖွဲ့အစည်းအမည်မှာ ကျိုးကျင်ရှင်း၏ကုမ္ပဏီ ဖြစ်နေသည်။

တင်းရှောင်းဝေ၏ လက်ချောင်းများ တုန်ရီလာပြီး သူ့စိတ်ထဲ ဗြောင်းဆန်လာကာ စာရွက်ပိုင်းလေးတစ်ခုကို အတန်ကြာ စိုက်ကြည့်နေမိ၏။

သူ မတွေးမိဖူးပေ။ ရုံကျား၏ဖခင်ဖြစ်သူက အချိန်ကိုက် ရောက်လာခဲ့ပြီး သားအမိနှစ်ယောက်ကို မီးနှင့်ရေတောထဲမှ ကယ်တင်ခဲ့လေသည်။
သူ့သား၏ဖခင်အရင်းအချာ ဖြစ်နေသည်ကို အသာဖယ်ထားလျှင်ပင်၊ မည်သည့်အမျိုးသမီးက စိတ်မလှုပ်ရှားဘဲ နေပါမည်လဲ...။

ဦးနှောက်မပျက်သေးသရွေ့ ဖခင်ဖြစ်သူနှင့် ပထွေးကြားတွင် သူဆိုလျှင်လည်း ပထမတစ်ယောက်ကိုသာ ရွေးချယ်ပေလိမ့်မည်။ သို့ဖြစ်ရာ တင်းရှောင်းဝေထံ၌ ရုံဟွားအပေါ် အမြင်မကြည်စိတ်မျိုး မရှိပါပေ။ သူ သူ(မ)ကို ကူညီနိုင်စွမ်းမရှိသော်ငြား ဘုရားသခင်က နည်းလမ်းပြပေးလိုက်သည့်အတွက် သူ ကျေးဇူးတင်ဝမ်းမြောက်မိပြီး သူတို့မိသားစု တစ်ဘဝလုံး ငြိမ်းချမ်းပျော်ရွှင်သွားနိုင်ရန်ပင် မျှော်လင့်မိသည်။

သို့သော် ဤကိစ္စကို ကျိုးကျင်ရှင်း ဝင်ရှုပ်ခဲ့သည်ကို သူ သိလိုက်ရသည့်အခါ အလုံးစုံပြောင်းလဲသွားတော့သည်။

အဝေးမှ ကားဆီလာနေသည့် ရုံကျား၏ဖခင်ကို သူ ကြည့်လိုက်ပြီး ပစ္စည်းများကို မူလနေရာတွင် အမြန်ပြန်ထိုးထည့်ထားလိုက်ကာ အေးဆေးတည်ငြိမ်ယောင်ဆောင်လျက် ကားပေါ်မှ ဆင်းလိုက်၏။

နှစ်ယောက်သား အနီးရှိအဆောက်အအုံတစ်ခုသို့ အတူလမ်းလျှောက်သွားလိုက်ကြသည်။

လုပ်ရိုးလုပ်စဉ်များ လုပ်နေစဉ် တင်းရှောင်းဝေလည်း သာမန်ကာလျှံကာ မေးဟန်ဆောင်လိုက်သည်။
"ခင်ဗျားက အခု ဘာအလုပ်လုပ်နေတာလဲဗျ။"

"အိုး... ကျွန်တော့်ဝမ်းကွဲနဲ့အတူ ပရိဘောကဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။"

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now