|| 22 ||

9.2K 1.9K 145
                                    

{Unicode}

တင်းရှောင်းဝေ မှင်တက်ကာ ကြက်သေသေနေမိသည်။ ဘာတွေဖြစ်နေမှန်း သူ စဉ်းစားမရတော့ပေ။

ဒေါသထွက်ပေါက်အဖြစ် တံခါးကို အပြင်းအထန် ဆောင့်ကန်ကာ ကျိန်ဆဲလေသည်။
"တံခါးဖွင့်စမ်း! လော့ချထားတာက ဘာသဘောလဲ! တံခါးဖွင့်စမ်းလို့!"

အပြင်ဘက်ကလူတွေက သူ့ကို စကားမပြောချင်တာကတော့ နှမြောစရာပင်၊ ဝေးကွာသွားတဲ့ ခြေသံတွေကိုသာ သူကြားရလေသည်။

တင်းရှောင်းဝေ အလွန်ကို ဒေါသထွက်နေပြီး သစ်သားတံခါးကို နှစ်ကြိမ်လောက် ထုရိုက်နေမိသည်။ တံခါးကတော့ အရာမယွင်းဘဲ သူ့လက်သာ ဆိုးဆိုးဝါးဝါး နာကျင်သွားရလေသည်။

သူ ဒီကို ရောက်တာနဲ့ ဒီလိုမျိုး ကြုံရလိမ့်မယ်လို့ မထင်ထားမိပေ။
ကျိုးကျင်ရှင်းက ဘာလိုချင်တာလဲ...။ ဘာလို့ သူနဲ့ လင်းလင်းကို သော့ပိတ်ထားရတာလဲ...။

တင်းရှောင်းဝေ တံခါးကို အချိန်အတော်ကြာ ထုရိုက်ကန်​ကျောက်နေပေမဲ့ သူ့ကို ဘယ်သူကမှ ဂရုမထားကြတာကြောင့် သူလည်း စိတ်ဓာတ်ကျစွာသာ လက်လျှော့လိုက်ရတော့သည်။ 

လင်းလင်းကလည်း သူ့အဖေရဲ့ ရူးသွပ်နေသလို အပြုအမူကြောင့် ကြောက်လန့်နေပုံပေါ်ပြီး မျက်လုံးတွေ ပြူးကာသာ ကြည့်နေလေသည်။

တင်းရှောင်းဝေ လင်းလင်းရဲ့ ခေါင်းလေးကို ထိလိုက်ပြီး
"အဆင်ပြေတယ်နော်၊ ဖေဖေက အဲ့ဒီ့ဦးလေးကြီးနဲ့ ကစားနေတာ။ သွားကြရအောင်၊ ဖေဖေက သမီးလေးကို ရေချိုးပေးပြီး အဝတ်အစားတွေ လဲပေးမယ်။"

တင်းရှောင်းဝေ လင်းလင်းကို ချီလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ သူ မီးဖွင့်လိုက်တဲ့အခါမှာတော့ အံ့အားသင့်သွားရလေသည်။ ရေချိုးခန်းက သူ့အိမ်တစ်ဝက်စာလောက် ကျယ်ပြီး ခမ်းနားနေသည်။ ဒီလိုအထက်တန်းရှိရှိ ဇိမ်ခံပစ္စည်းတွေနဲ့ ပြည့်စုံနေတဲ့ ရေချိုးခန်းမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။

လင်းလင်းလည်း ရုတ်တရက် စိတ်လှုပ်ရှားလာတော့သည်။

တင်းရှောင်းဝေ မွေ့လျော်ရမလား ၊ မမွေ့လျော်ရမလားဆိုတာတောင် မသိတော့ပေ။ Bathtub ထဲကို ရေဖြည့်ပြီးတဲ့အခါ သူ့အဝတ်အစားတွေ ချွတ်လိုက်ပြီး လင်းလင်းနဲ့အတူ ရေစိမ်လိုက်တော့သည်။

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now