(၇) ဘယ်သူမဆို ရလား || ဘယ္သူမဆို ရလား

13.1K 2.3K 435
                                    

{Unicode}

တင်းရှောင်းဝေ အနည်းငယ် နောင်တရမိသည်။

သူ့ပင်ကိုစရိုက်ကိုက တဲ့တိုးဆန်ပြီး 'သွေးအေးစစ်ပွဲ'တွေကို သည်းမခံနိုင်တဲ့လူမျိုး ဖြစ်သည်။ ဒါပေမဲ့ သူက အရမ်းကို အာရုံစူးစိုက်မှု အားကောင်းပြီး လူတွေကိုလည်း လေထုလိုသာ ဆက်ဆံနိုင်သည်။

ခေါင်းငိုက်စိုက်ကျရင်း လင်းလင်းနဲ့အတူ ဆော့နေတဲ့ ကျိုးကျင်ရှင်းကို တင်းရှောင်းဝေ လှမ်းကြည့်လိုက်သည်။ သူ့မှာ ခုနကထက် ပိုလို့တောင် အပြစ်ရှိသလို ခံစားလာရတော့သည်။

စကားလုံးတွေက ပြင်းထန်လွန်းတယ်...၊ သူ တွေးလိုက်မိသည်။

သူ့နှလုံးသားထဲမှာ ပျော့ညံ့လာပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသထွက်လာမိသည်။

တင်းရှောင်းဝေ သူ့အခန်းထဲ ပြန်သွားလိုက်ပြီး ခဏလောက် ဂိမ်းဆော့နေလိုက်သည်။ သူ ပိုပြီး စဉ်းစားလေလေ၊ ပိုပြီး မှားယွင်းလာလေလေပင်။ နောက်ဆုံးတော့ သူ မနေနိုင်တော့ဘဲ အပြင် ပြန်ထွက်လာလိုက်သည်။

ကျိုးကျင်ရှင်းက "တင်းလင်း... တင်းလင်း" နဲ့အော်နေပြီး လင်းလင်း ရယ်မောလာအောင် စနောက်မြှူနေသည်။

ဘယ်အချိန်ကတည်းက စပြီး ကျိုးကျင်ရှင်းက သူ့သမီးကို ဒီလိုခေါ်ရတာကို သဘောကျသွားမှန်း သူ မသိပေ။ အသံက ringtone တစ်ခုလို ဖျတ်လတ်ကာ အေးမြလန်းဆန်းစေပြီး အဆုံးမှာ သံရှည်စွဲရင်း အသံမြှင့်လိုက်တာမျိုး ဖြစ်သည်။ သူ အော်လိုက်တဲ့အချိန်တိုင်း ရှောင်လင်းလင်းက ရယ်မောလာပြီး လူအကြီးကြီးတစ်ယောက်နဲ့ လူသေးသေးလေးတစ်ယောက်တို့က  အတော်ကို ပျော်ရွှင်နေကြလေသည်။

တင်းရှောင်းဝေ မနေနိုင်တော့ဘဲ အရှေ့ကို ခါးကိုင်းကာ စကားမရှိ စကားရှာကာ မေးလိုက်သည်။
"ရှောင်ကျိုး... နေ့လယ်စာကို ဘာစားကြမှာလဲ။"

ကျိုးကျင်ရှင်းက ပြန်ပြောလာသည်။
"ရေခဲသေတ္တာထဲမှာ ရှိတာပဲပေါ့။"

တင်းရှောင်းဝေက လက်သည်းကို ဆိတ်ရင်း အားမလျှော့သေးဘဲ
"ဒီနေ့ တင်းကောက ချက်ပေးရမလား၊ ငါ ကောင်းကောင်းမွန််မွန် ချက်တဲ့ဟင်းတွေကို မင်း အခုထိ မစားကြည့်ရသေးဘူး မဟုတ်လား။"

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now