(၄) အတူတူ ရေချိုးကြမယ်လေ || အတူတူ ေရခ်ိဳးၾကမယ္ေလ

14.3K 2.5K 248
                                    

{Unicode}

လင်းလင်းကို ကျောင်းလိုက်ပို့ပြီးနောက် တင်းရှောင်းဝေလည်း အလုပ်သွားတော့သည်။

သူ အားတဲ့အချိန်မှာတော့ ကျောက်မျက်ရတနာတွေကို ဘယ်နေရာမှာ အမျိုးအစားခွဲရမလဲဆိုတာ သူ့လုပ်ဖော်ကိုင်ဖက်တွေကို လိုက်မေးလေသည်။

တင်းရှောင်းဝေက ဒီကိစ္စကို အရမ်း သတိထားသည်။ သူက ရတနာကောင်းတွေကို မမြင်ဖူးတာကြောင့် ဒီဟာကလည်း အစစ်လား၊ အတုလားဆိုတာ သူ သေချာမသိပေ။ ကြည့်ရှုစစ်ဆေးဖို့အတွက် ပညာရှင်တစ်ယောက်ကို ရှာလိုက်တာက ပိုကောင်းပေလိမ့်မည်။

လုပ်ဖော်ကိုင်ဖက်ကလည်း သေချာမသိပေ၊ ဒါနဲ့ သူလည်း အင်တာနက်ပေါ်မှာ ရှာလိုက်ပြီး အခမဲ့ စိစစ်ခွဲခြားပေးတဲ့ ရတနာဆိုင်ရဲ့ လိပ်စာကို ရလာလေသည်။

လိပ်စာကို ကြည့်လိုက်တော့ နီးနီးလေး မဟုတ်တာကြောင့် တင်းရှောင်းဝေလည်း အိမ်ကို အရင်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

တင်းရှောင်းဝေ အိမ်ပြန်ရောက်လို့ တံခါးကနေ ဝင်လိုက်တဲ့အချိန်မှာ ကျိုးကျင်ရှင်းနဲ့ သက်လတ်ပိုင်းအရွယ် လူစိမ်းတစ်ယောက်က ဆိုဖာပေါ်မှာ ထိုင်နေကြပြီး မှတ်စုစာအုပ်အသေးလေးတစ်အုပ်နဲ့ စာရွက်စာတမ်းတွေလည်း ကော်ဖီစားပွဲပေါ်မှာ ရှိနေတာကို အမှတ်မထင် တွေ့လိုက်ရသည်။

ကျိုးကျင်ရှင်းကလည်း သူ့ကို မြင်တဲ့အခါ အတော်အတန် လန့်သွားပုံပေါ်ပြီး သူ့နာရီကို ကြည့်ကာ
"(၄)နာရီပဲ ရှိသေးတာကို... အစောကြီး အလုပ်ဆင်းလာတာလား။"

တင်းရှောင်းဝေလည်း ညည်းညူလေသည်။
"ပြောမနေပါနဲ့တော့။ Damn! ဒီနေ့တစ်နေ့လုံး မွန်းကျပ်စရာတွေချည်းပဲ။ ဟေး... ဒါက ဘယ်သူလဲ။"

ကျိုးကျင်ရှင်းက ပေါ့ပေါ့ပါးပါး ပြောလာလေသည်။
"အာမခံ ကြော်ငြာနေတာ။"

ထိုလူရဲ့ အမူအရာက အလွန်ကို အံ့အားသင့်သွားပြီးနောက် ကွန်ပျူတာနဲ့ စားပွဲပေါ်က ဖိုင်တွေကို အမြန်သိမ်းကာ ထရပ်ပြီး ပြုံးပြလာသည်။
"ဒါဆို မနှောင့်ယှက်တော့ပါဘူး၊ မစ္စတာကျိုး... အဲ့ဒါကို ထပ်စဉ်းစားပေးပါ။ ကျွန်တော်တို့ ကုမ္ပဏီကပေးတဲ့ ဝန်ဆောင်မှုတွေက အကောင်းဆုံးလို့တော့ မပြောနိုင်ပေမဲ့ အခုအတွက်ကတော့ မစ္စတာကျိုးရဲ့ အတွေးအခေါ်နဲ့ အကိုက်ညီဆုံးပါပဲ။"

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now