|| 23 ||

9.9K 2K 149
                                    

{Unicode}

သက်တော်စောင့် (၃~၄)ယောက်ခန့် ဝန်းရံထားတဲ့ ယောက်ျားတစ်ယောက် ဝင်လာလေသည်။ အရပ်ရှည်ပြီး ချောမောသည်၊ ကျိုးကျင်ရှင်းနဲ့ ခပ်ဆင်ဆင် တူပေမဲ့ ကျိုးကျင်ရှင်းတော့ မဟုတ်ပါပေ။

ဒီလူဟာ ထိုနေ့က ကျိုးကျင်ရှင်းရဲ့ ကုမ္ပဏီမှာ ကျိုးကျင်ရှင်းဘေးနားကနေ အတူလျှောက်လာပြီး ကျိုးကျင်ရှင်းကို 'အာ့ကော' လို့ ခေါ်ခဲ့တဲ့လူဆိုတာကို တင်းရှောင်းဝေ မှတ်မိလိုက်သည်။
(T/N: အာ့ကော - ဒုတိယအစ်ကို)

ဒီလူက ကျိုးကျင်ရှင်းထက် ငယ်သည်။ သူတို့က ပုံစံခပ်ဆင်ဆင်တူပေမဲ့ စရိုက်ကတော့ လုံးဝကို ကွာခြားသည်။ သိသိသာသာကိုပဲ ဒီလူငယ်လေးထက်စာရင် ကျိုးကျင်ရှင်းက ပိုပြီးတည်ငြိမ်သိမ်မွေ့ကာ ယဉ်ကျေးရည်မွန်သည်။ ဒီလူငယ်ရဲ့ အထက်စီးဆန်ပြီး ထကြွသောင်းကျန်းတတ်တဲ့ ပုံစံက သူ့မျက်နှာပေါ်မှာ မင်နဲ့ရေးသလို ပေါ်လွင်နေပြီး ဖုံးကွယ်ထားမရပေ။

တင်းရှောင်းဝေရဲ့ နှလုံးသား ကျွံဝင်သွားရသည်။

အခုအချိန်မှာ အဆိုးဝါးဆုံး အခြေအနေကတော့ ဒီ 'မစ္စတာကျိုး'က အခြား 'မစ္စတာကျိုး' ဟုတ်မနေခဲ့တာပင်။

သက်တော်စောင့်က အခန်းထဲမှာ သူဖျက်ဆီးထားတဲ့ အပျက်အစီးတွေထဲကနေ အကောင်းအတိုင်း ရှိနေသေးတဲ့ ထိုင်ခုံတစ်လုံးကို ယူလိုက်ပြီး အခန်းအလယ်မှာ ချလိုက်ကာ ထိုလူငယ်ကို လက်ဟန်ပြလေသည်။
"မစ္စတာကျိုး"

ထို 'မစ္စတာကျိုး' က ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး တင်းရှောင်းဝေကို ခေါင်းအစ ခြေအဆုံး ပျင်းရိပျင်းတွဲ ကြည့်လာပြီးနောက် နှာခေါင်းရှုံ့လေသည်။

တင်းရှောင်းဝေ ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ၊ ကျိုးကျင်ရှင်းရော?"

ထိုလူက ခပ်ရေးရေးပြုံးကာ ပြောလာသည်။
"သူ့ကို တွေ့ချင်လို့လား။ ကျုပ်လည်း တွေ့ချင်နေတာ၊ အထူးသဖြင့် ခင်ဗျား သူ့ကို အတော်ကြာပြီးမှ ပြန်တွေ့ပြီးတဲ့နောက်ပေါ့။"

တင်းရှောင်းဝေ ထိုလူကြောင့် ဦးနှောက်ရှုပ်သွားသည်။
"မင်း ဘာလိုချင်လို့လဲ။"

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now