(၄၆) အလုပ်ထပ်ရပြီ || အလုပ္ထပ္ရၿပီ

10.4K 1.7K 173
                                    

{Unicode}

နောက်တစ်နေ့ နံနက်စောစော၌ တင်းရှောင်းဝေသည် လင်းလင်းကို ခေါ်ကာ တိတ်တဆိတ် လစ်ထွက်လာခဲ့သည်။

ကျိုးကျင်ရှင်းအား သူ့ကို တွေ့ခွင့်ပေးလိုက်ပါက ယနေ့ သူ အဘယ်ကိုမျှ သွားနိုင်တော့မည်မဟုတ်ကြောင်း သူ ခံစားမိသည်။

ကားထဲ ဝင်ပြီးနောက် သူ ကျိုးကျင်ရှင်းဆီ message တစ်စောင် ပို့ကာ စာရွက်စာတမ်းများနှင့် အခြားအရာတို့ကို (၂)ရက်အတွင်း ဆွေးနွေးမည်ဖြစ်သောကြောင့် သူ့ကို အရင်ဆုံး စဉ်းစားပေးခွင့်စေလိုကြောင်း ပြောလိုက်၏။

သူ့စိတ်ထဲ အတော်လေး ရှုပ်ထွေးနေသည်။ အလွန်များပြားလှသည့် ကိစ္စရပ်များဟာ တစ်ချိန်တည်း စုပြုံလာပြီး သူ လုံးဝကို မတွက်ဆနိုင်တော့ချေ။

ဤနှစ်ရပ်ကို ထည့်သွင်းမစဉ်းစားဘဲ သူ ငြင်းဆန်ရန် အကြောင်းပြချက် မရှိပုံပင်၊ သို့သော်ငြား သူ့စိတ်နှလုံး၌ မသက်မသာ ခံစားနေရကာ သဘောတူလက်ခံရန် ကောင်းသည့်အရာမရှိဟူ၍လည်း တွေးမိပြန်သည်။

သူ့ပေါင်ပေါ်တွင် အိပ်နေသည့် သမီးလေးကိုကြည့်ရင်း တင်းရှောင်းဝေသည် ထူးထူးခြားခြားပင် အနည်းငယ် ဝမ်းနည်းလာမိသည်။

စင်စစ် သူ့သမီးလေးကို ကောင်းကောင်းမွန်မွန် နေထိုင်စေပြီး တောက်ပသည့် အနာဂတ်ရှိနေနိုင်သရွေ့ သူ အရာအားလုံးကို အပေးအယူလုပ်နိုင်သည်။ ဤကလေးအား မွေးဖွားစဉ်မှစကာ ယခုဘဝအတွက် သူ၏ဘဝအချက်အချာသည် သူ့ဘဝကို ပျော်မွေ့ရန် မဟုတ်တော့ဘဲ သူ့သမီးလေးကိုသာ ဘဝ၌ ပျော်မွေ့စေရန် ဖြစ်လာခဲ့သည်။ ပြဿနာအား ယင်းအပေါ် အခြေခံစဉ်းစားလိုက်ပါက သူ သဘောမတူနိုင်စရာမရှိချေ။

တင်းရှောင်းဝေသည် လင်းလင်း၏ နူးညံ့သည့် ဆံစတို့ကို အသာသပ်ပေးကာ သက်ပြင်းချသည်။ ကလေးဆိုသည် တစ်သက်တာအတွက်မိဘများ၏ ကြွေးမြီပင် ဖြစ်သည်။

ကျိုးကျင်ရှင်းက သူ့ message ကို စကားလုံးအနည်းငယ်ဖြင့်သာ အမြန်စာပြန်လာသည်။
"တင်းကော... ဘာလို့ ကျွန်တော့်ကို ကြောက်နေတာလဲ။"

ဘဝင်မကျသော စိတ်အခြေအနေကြောင့်သာ မဟုတ်ပါလျှင် တင်းရှောင်းဝေ ရယ်ပင် ရယ်မိပေမည်။

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now