(၁၈) ဟိုမှာ ခင်ဗျားရဲ့ဇနီးလေး! || ဟိုမွာ ခင္ဗ်ားရဲ႕ဇနီးေလး!

10K 2K 201
                                    

{Unicode}

ကျန့်ကျီးယွီက အသက်ငယ်သေးပေမဲ့ အရမ်းကို စဉ်းစဉ်းစားစား လုပ်ကိုင်တတ်သည်။

သူက သူ့အမျိုးဆီကနေ ကားတစ်စီးကို အထူးတလည် ငှါးလာပြီး အမျိုးသမီးကြီးအတွက် ခုထိုင်စရာ ကူရှင်တစ်ခုအပြင် သစ်သီးတွေ၊ သရေစာတွေပါ ယူလာခဲ့တာကြောင့် လေးယောက်သား ပျော်ပွဲစားထွက်ကြသလိုပင်။ လင်းလင်းက ဂျယ်လီတစ်ခုကို စားနေရင်း ကားပေါ်ရောက်တာနဲ့ မတ်တပ်ထရပ်နေသည်။

တင်းရှောင်းဝေက ကားမောင်းပြီး ကျန့်ကျီးယွီက သူ့ဘေးမှာထိုင်ကာ သူ့အမေကတော့ လင်းလင်းနဲ့အတူ အနောက်ခန်းမှာ ထိုင်သည်။

တင်းရှောင်းဝေ သီချင်းဖွင့်လိုက်ပြီး ကျန့်ကျီးယွီကို တီးတိုးပြောလိုက်သည်။
"ရှောင်ကျန့်... ကျေးဇူးပဲ။ မင်းကြောင့်သာ မဟုတ်ရင် ငါလည်း ငါ့အမေ ရောက်တုန်းရောက်ခိုက်လေး ပျော်အောင် ဘယ်လိုလုပ်ပေးရမယ်မှန်း သိမှာမဟုတ်ဘူး။"

ကျန့်ကျီးယွီက ပြုံးကာ ပြောသည်။
"ကျွန်တော့်ကို အရမ်းကြီး ယဉ်ကျေးမနေပါနဲ့၊ ခင်ဗျားလည်း ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တာပဲ၊ ကျွန်တော်လည်း ခင်ဗျားကို ဘယ်လိုကျေးဇူးတင်ရမယ်မှန်းတောင် မသိတော့ဘူး။"

တင်းရှောင်းဝေ နည်းနည်းတော့ အနေခက်သွားသည်။ သူ့အမေရောက်လာစဉ်မှာ သူ အကောင်းဆုံး လုပ်ဆောင်ရမဲ့ ဒီလိုကိစ္စမျိုးကို သူက ကလေးတစ်ယောက်ကိုတောင် အကူအညီတောင်းနေရသလို ကျန့်ကျီးယွီရဲ့ အပြုအမူတွေကြောင့် သူ တော်တော်လေးကို အရှက်ရမိသည်။

တင်းရှောင်းဝေ သက်ပြင်းချလိုက်မိသည်။
"ငါ့အမေ ပြန်သွားရင် တင်းရှူးက မင်းကို အပြင်မှာ ညစာလိုက်ကျွေးမယ်။"

ကျန့်ကျီးယွီက ပြုံးသည်။
"မလိုပါဘူး။ အိမ်မှာပဲ စားကြရအောင်၊ ကျွန်တော် ချက်ပေးမယ်။ ခင်ဗျား ဟင်းချက်တာက တော်တော်ဆိုးရွားလွန်းတယ်။"

တင်းရှောင်းဝေက အသာပြုံးသည်။ သူ ကျန့်ကျီးယွီနဲ့ အော်ကြီးဟစ်ကျယ် ငြင်းခုံချင်စိတ် မရှိပေ။

ကျန့်ကျီးယွီက သူ့ရဲ့ ဒီလိုပုံစံကို မြင်တဲ့အခါ သက်ပြင်းချသည်။
"တင်းရှူး... ဒီလိုကြီး မနေပါနဲ့၊ ခင်ဗျားကို ဒီလိုမြင်နေရတာ ကျွန်တော် စိတ်မသက်သာဘူး။"

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now