(၁၉) ခင်ဗျားက ဘယ်သူလဲ || ခင္ဗ်ားက ဘယ္သူလဲ

9.7K 1.9K 350
                                    

{Unicode}

လက်ထပ်ပြီးသား...?

ကျိုးကျင်ရှင်းက လက်ထပ်ပြီးပြီ...?

ကောင်မလေးက ထပ်ပြောပြန်သည်။
"သူ့မိန်းမက အရမ်းကြီး မလှလွန်းဘူးလား။ non-ferrous metal group က သမီးလေ။ ပြည်နယ်က ထိန်းချုပ်ထားတဲ့ သံမဏိသတ္တုတွေကိုတောင် ထုတ်လုပ်နိုင်နေမှတော့ နောက်ခံက ဘယ်လောက်တောင် ကြီးလိုက်မလဲ၊ သူတို့က တကယ်ပဲ လိုက်ပါတယ်လေ။"

"ဘယ်လောက်ပဲလှလှလေ... သူ့မိန်းမက အမြဲတမ်း ခက်ထန်နေတာပဲ။ သူ(မ)ပြုံးတာ တစ်ခါမှတောင် မမြင်ဖူးဘူး။"

"စိတ်ဆတ်တတ်တယ်နေမယ်..."

ကောင်မလေးတွေရဲ့ စကားလမ်းကြောင်းက ပြီးဆုံးသွားပေမဲ့ တင်းရှောင်းဝေကတော့ ဘာမှမတုံ့ပြန်နိုင်သေးပေ။

ကျိုးကျင်ရှင်းမှာ အရင်က ကောင်လေးတစ်ယောက်လောက်တော့ ရှိလိမ့်မယ်လို့ သူ ထင်ခဲ့ပေမဲ့ လက်ထပ်ပြီးသား ဖြစ်နေလိမ့်မယ်လို့တော့ သူ မမျှော်လင့်ထားမိပေ။ ဒါပေမဲ့... ဒါဆို ကျိုးကျင်ရှင်း ဘာလုပ်ခဲ့တယ်ဆိုတာကို သူ သိနိုင်သွားပြီ ဖြစ်သည်။

လူကြားထဲမှာ အကြိမ်ကြိမ် အခါခါ ပါးရိုက်ခံလိုက်ရသလိုမျိုး နာကျင်မှု၊ ထုံထိုင်းမှုနဲ့ အရှက်ရခြင်းတွေကို တင်းရှောင်းဝေ ခံစားလာရသည်။

ကျိုးကျင်ရှင်းက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်... သူက အရွယ်ရောက်ပြီးသားလူတစ်ယောက် မဟုတ်ဘူးလား...။ ယောက်ျားကြီးတစ်ယောက်ဖြစ်တဲ့ သူက အခြားယောက်ျားတစ်ယောက်ရဲ့ လက်အောက်ကို သက်ဆင်းခဲ့ရတာ...။ သူက ဘယ်လိုလုပ်ပြီး ဒီလိုကလိမ်ကကျစ်ကိစ္စမျိုးကို ကြုံတွေ့ခဲ့ရတာလဲ...။

တင်းရှောင်းဝေရဲ့ ရင်ဘတ်က ပြင်းထန်လှတဲ့ အသက်ရှူနှုန်းကြောင့် မြင့်တက်ဖောင်းပွနေပြီး သူ့ကိုယ်သူ ဘယ်လောက်ပဲ စိတ်ငြိမ်အောင် ကြိုးစားကြိုးစား ဘယ်လိုမှ အနည်ကျမသွားခဲ့ပေ။ သူ ဝမ်းနည်းသလို ဒေါသလည်းဖြစ်မိသည်။ ဒီကိစ္စရဲ့ သူ့အပေါ် ထိခတ်မှုက သူ ထိန်းချုပ်နိုင်တာထက်ကို ပိုပြီး ကျော်လွန်နေသည်။ သူ အခု အလုပ်ချင်ဆုံးကတော့ ကျိုးကျင်ရှင်းရဲ့ ကော်လာကို ဆွဲပြီး ဘာတွေဖြစ်ပျက်နေတာလဲဆိုတာ မေးချင်နေတာ ဖြစ်သည်။
လုပ်စမ်းပါ... မင်းက ငါ့ကို နောက်နေတာလား...။

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now