|| 44 ||

9.8K 1.8K 130
                                    

{Unicode}

အဒေါ်ဖြစ်သူ ထွက်သွားပြီးနောက် ကျိုးကျင်ရှင်း လှည့်ကြည့်လိုက်သည့်အခါ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ သူ့ကို မျက်နှာထားဆိုးဝါးစွာ စိုက်ကြည့်နေသည့် တင်းရှောင်းဝေကို မြင်လိုက်ရ၏။

ကျိုးကျင်ရှင်း၏ အမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားပြီး အနောက်တိုင်းဝတ်စုံအပေါ်ကုတ်ကို ချွတ်ကာ ထိုင်ခုံပေါ် ပစ်တင်လိုက်သည်။ ထို့နောက် နက်ကတိုင်ကို ဆွဲဖြည်လျော့ပြီး အခန်းထဲ ဝင်လာသည်။
"ကျွန်တော် မောနေပြီ။ လေယာဉ်စီးလာရလို့ ခရီးပန်းတာတောင် အသားမကျသေးဘူး။"

တင်းရှောင်းဝေ လက်မထောင်ပြလိုက်သည်။
"တော်တော်ကို လူပါးဝတာပဲ။"
သူ လင်းလင်းကို ခေါ်လိုက်သည်။
"သမီးလေး... ဒီကိုလာ၊ အိမ်ပြန်ကြမယ်။"

လင်းလင်းသည် ယီယီနှင့် ဆော့ကစားနေကာ မပြန်ချင်ပေ၊ ကျိုးကျင်ရှင်းကို စိတ်အားထက်သန်စွာ ကြည့်လာ၏။

ကျိုးကျင်ရှင်း ပြောလိုက်သည်။
"တင်းကော... အလျင်မလိုပါနဲ့ဦး။ စကားပြောကြရအောင်။"

တင်းရှောင်းဝေက *ဟွန်း*ခနဲ နှာမှုတ်သည်။
"ဘာမှ စကားပြောစရာမလိုဘူး။ မင်းနဲ့ စကားပြောရင် ဒေါသထွက်ရတာပဲ အဖတ်တင်မယ်။ မင်း ပြောတဲ့ အုပ်ထိန်းသူဆိုလား ဘာဆိုလားတွေလည်း ငါ နားမလည်ဘူး။ ငါ မင်းကို ပြောလိုက်မယ်၊ မင်း ငါ့ကို ဘယ်လိုပဲ အသုံးချချင်နေပါစေ၊ လုံးဝမဖြစ်နိုင်ဘူး။ မင်း သေချာနားထောင်နေလား။ ဘယ်လိုမှ မဖြစ်နိုင်ဘူး!"

ကျိုးကျင်ရှင်းသည် လက်တို့ကို ဖြန့်ကားကာ တင်းရှောင်းဝေအား စိတ်လျှော့ရန် လက်ဟန်ခြေဟန် ပြသည်။
"တင်းကော... တကယ်တော့... ဒီရက်ပိုင်းအတွင်း အစ်ကိုလည်း ယီယီနဲ့ အဆင်ပြေပြီး နည်းနည်းပါးပါး ခင်သွားအောင် ဒီကိစ္စကို ကျွန်တော် ပြန်ရောက်တဲ့အခါမှ အစ်ကို့ကို ပြောပြမလို့ပဲ။ ဒါက တကယ့်ကို အစ်ကို့အတွက် ဘာအရှုံး၊ ဘာအထိအခိုက်မှမရှိဘဲ သင့်တော်တဲ့ကိစ္စတစ်ခုပါ။"

ကလေးနှစ်ယောက်သာ ရှိမနေပါလျှင် တင်းရှောင်းဝေသည် ယခု တကယ်ပင် *ထွီ*ခနဲ စကားတစ်ခွန်းနှင့်အတူ လက်ခလယ်ထောင်ပြချင်နေ၏။ သူ၏ ဖခင်တစ်ယောက်ဟူသော ပုံရိပ်ကြောင့် တင်းရှောင်းဝေခမျာ မထီမဲ့မြင်မှုတို့ကို မျက်လုံးများထဲ၌သာ ဖော်ပြနိုင်တော့သည်။

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now