|| 32 ||

10.6K 2K 136
                                    

{Unicode}

ကျိုးကျင်ရှင်း နေသည့်နေရာမှ သူ၏အိမ်သို့ တင်းရှောင်းဝေ (၃)နာရီကျော် ကြာအောင် လမ်းလျှောက်ပြန်ခဲ့သည်။

သူ၏ ရင်တွင်းရှိ အပူမီးကို ငြိမ်းသတ်ချေဖျက်ရန် သူ အချိန်အချို့ လိုသေးပြီး ဤအကြောင်းတို့ကို အိမ်သို့ သယ်ဆောင်မသွားချင်ပေ။

ယခုအချိန်တိုင်အောင် တင်းရှောင်းဝေ နောင်တရပြီးရင်းသာ နောင်တရမိ၏။ သူ့တွင် နောင်တရစရာ အများအပြား ရှိသည်။ ဥပမာအားဖြင့် အစကတည်းက ကျိုးကျင်ရှင်းကို အိမ်သို့ ခေါ်မလာခဲ့သင့်ပေ။

ကျိုးကျင်ရှင်းသာ မရှိခဲ့ပါလျှင် သူ့ထံ၌ အကုသိုလ် ပိုနည်းသွားပေလိမ့်မည်၊ ခြောက်လကြာ ကာလကို သူ အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနိုင်ခဲ့ကာ ရုံဟွားနှင့် မိတ်ဆက်ပြီး သူ၏ ကာလရှည်ကြာ ဆန္ဒဖြစ်သည့် လင်းလင်းအတွက် အမေတစ်ယောက် ရှာပေးပြီးနောက် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားနိုင်ခဲ့ပေလိမ့်မည်။

သူသည် အခြား ချမ်းသာကြွယ်ဝကာ အာဏာရှိသည့်သူတို့နှင့် ဆော့ကစားမနေနိုင်သည့် သာမန်ပြည်သူတစ်ယောက်သာ ဖြစ်သည်။ အနာဂတ်တွင် သူ ကျိုးကျင်ရှင်းအား TV ဖန်သားပြင်ထက်တွင် မြင်ရလျှင်တောင် သူ ကွေ့ပတ်ရှောင်လွဲကာ ကျိန်းသေပေါက် သူ့အတွက် အရာမထင် ဖြစ်သွားပေမည်။

သူ အိမ်ပြန်ရောက်သည့်အခါ ညစာစားချိန် ရောက်နေပြီ ဖြစ်ပြီး လှေကားမှတစ်ဆင့် တက်လာကာ ရုံကျားနေသည့် အိမ်ခန်းဘဲလ်ကို နှိပ်လိုက်စဉ် အခန်းတွင်းမှ ရုံဟွား၏ အော်ဟစ်ဆူပူသံကို ကြားလိုက်ရလေသည်။

တင်းရှောင်းဝေ ထိတ်လန့်သွားရသည်။ ထို့နောက် သော့ကို အမြန်ယူထုတ်ကာ တံခါးဖွင့်လိုက်သည့်အခါ ရုံဟွားက လက်ထဲ၌ တံမြက်စည်းတစ်ချောင်းကို ကိုင်ထားပြီး ရုံကျားကို ရိုက်နှက်နေသည်ကို မြင်လိုက်ရလေသည်။

"ဟေ့... ဘာဖြစ်နေကြတာလဲ။"
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ရုံကျားက တစ်ခုခု အမှားလုပ်ထားမည်ဆိုသည်ကို တင်းရှောင်းဝေ သိလိုက်သည်။ ကောင်လေးက သူ၏အမေရှေ့တွင် ဗလာသက်သက် မျက်နှာထားတင်းတင်းနှင့် မတ်တပ်ရပ်နေသည်။ သူက မရှောင်တိမ်းသလို နားလည်းမထောင်ဘဲ နွံနာမှုမရှိ ဆိုဆုံးမရ ခက်နေသည်။

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now