(၄၉) ချိပ်ပိတ်ထားတဲ့ နှလုံးသား || ခ်ိပ္ပိတ္ထားတဲ့ ႏွလုံးသား

9.7K 1.6K 48
                                    

{Unicode}

ကျိုးကျင်ရှင်းက အံကြိတ်ကာ ပြောလာသည်။
"အစ်ကို... တမင်လုပ်ခဲ့တာလား။"

"မင်း ဘယ်လိုနားလည်လို့လဲ။"
တင်းရှောင်းဝေက တစ်ဖက်လှည့်ကာ အိပ်ရာအစွန်း၌ ထိုင်ပြီး ကြမ်းပြင်ပေါ်ရှိ ဘောင်းဘီကို ကောက်ယူဝတ်ဆင်ရင်း သူ့ကို ကျောပေးကာ ပြောလာသည်။
"ငါ တကယ်ကို ချစ်ချင်ခဲ့တုန်းကတော့ မင်းက ငါ့ကို အခွင့်အရေးလေးတစ်ခုတောင် မပေးခဲ့ဘူးလေ။ အခုတော့ ငါ မလိုချင်တော့ဘူး။ လူတိုင်းက မင်းအကြိုက်လိုက်နေမယ်လို့တော့ ထင်မနေနဲ့။ မင်း သဘောပေါက်မှာပါ။"

တင်းရှောင်းဝေ ပြောပြီးနောက် ရင်ဘတ်တွင်းမှ တင်းကျပ်မှုများစွာတို့ကို ခံစားလာရလေသည်။

ဤလူနှင့် အိပ်ရာပေါ်တွင် ထပ်မံချေပပြီးနောက် သူ အသည်းအသန်မေ့ဖျောက်ချင်နေခဲ့သည်များက ပြန်လည်ရောက်ရှိလို့လာသည်။

ကျိုးကျင်ရှင်း ရုတ်တရက်ပျောက်သွားစဉ်က သူ့အသည်းနှလုံးထိုးဖောက်ခံလိုက်ရသယောင် စူးရှသည့်ခံစားမှုကို သူ မှတ်မိနေသေးသည်။ ဤဘဝ၌ သူ့အကြောက်တရားနှင့် မျှော်လင့်ချက်ပျက်သုဉ်းမှုတို့ကို ဘယ်သောအခါမှ မမြင်တွေ့ရတော့ဟု သူ ထင်မိခဲ့၏။ မျှော်လင့်မထားစွာပင် TV ပေါ်တွင် ထောင်ထောင်ထောင်ထောင် ပြန်ပေါ်လာပြီး စကားလုံးအနည်းငယ်၊ ချက်လတ်မှတ်တစ်စောင်နှင့်အတူ သူတို့ပတ်သက်မှုကို ရှင်းထုတ်ပစ်ရန် အချိန်သိပ်မကြာလိုက်ပေ။

ရှင်းသည်က ရှင်းပါသည်။ တင်းရှောင်းဝေဟာ ကျိုးကျင်ရှင်းမရှိလျှင် မနေနိုင်သည်တော့ မဟုတ်၊ သို့သော် အဘယ်ကြောင့် သူ(ကျိုးကျင်ရှင်း) သွားလိုလျှင် သွားပြီး ပြန်လိုမှ ပြန်လာရသည်လဲ။ လူများကို အရူးများဟုသာ သတ်မှတ်ထားသည်လား။ မည်မျှပင် တုံးအပါစေ၊ မြည်းတစ်ကောင်လိုတော့ နှာခေါင်းအား ဦးဆောင်ခွင့်မပေးနိုင်ပေ။

သူ ကျိုးကျင်ရှင်းအပေါ် ခံစားချက်ရှိနေသေးသလောဟု မေးလာခဲ့လျှင်တော့ သူ မပြောရဲသလို အသေအချာလည်း မပြောနိုင်ပေ။ သို့ပါသော်လည်း သေချာသည်တစ်ခုမှာ သူ စိတ်မသက်မသာဖြစ်နေသည်ဖြစ်ရာ အဘယ်ကြောင့် ကျိုးကျင်ရှင်းက ရှိနေပါဦးမည်လဲ။

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now