|| 35 ||

10.6K 1.9K 173
                                    

{Unicode}

တင်းရှောင်းဝေ စကားလုံးအနည်းငယ်ကို သွားကြားထဲမှ ညှစ်ထုတ်လိုက်ရသည်။
"မင်း တော်တော် မျက်နှာပြောင်တိုက်ရဲတာပဲ။"

သူ၏ ရင်တွင်း၌ စတင်ဟစ်အော်နေမိသည်။ ဤလူသည် စကားတစ်ခွန်းမျှ မပြောဘဲ သူ့ကို ထားရစ်ခဲ့ကာ ချက်လက်မှတ်တစ်စောင်ကို ပြန်ပေးခဲ့သည်။
ယခုမူ 'ဖြစ်နိုင်မလား' ဟု မေးရန် မျက်နှာပင် ရှိနေသေးသည်လား...။
မင်းအမေနဲ့ နှိုင်းယှဉ်ပြီးတော့ပဲ ဖြစ်နိုင်လိုက်...!

ကျိုးကျင်ရှင်းသည် သူ့ထံ တစ်ကြိမ်ပြီးတစ်ကြိမ် တိုးကပ်လာပြန်သည်။ သူ အဘယ်တုန်းကမှ မစဉ်းစားမိခဲ့သည်တော့ မဟုတ်ချေ၊ သို့သော်ငြား ကျိုးကျင်ရှင်း၏ နှုတ်မှ ထွက်လာသည်ကို ကြားလိုက်ရသည့်အချိန်တွင် ဤလူဟာ အမှန်တကယ်ပင် မည်ရွေ့မည်မျှ အရှက်မဲ့ကြောင်း သူ ပို၍ နက်နက်နဲနဲ နားလည်သဘောပေါက်သွားရတော့သည်။

တင်းရှောင်းဝေသည် အပြုအမူ စိတ်နေသဘောထားတို့ကို ဖုံးကွယ်ဟန်ဆောင်ခြင်း မရှိခဲ့ဖူးပေ။ သူ ကျိုးကျင်ရှင်းကို သဘောကျလျှင်တောင် လက်လျှော့ပြီး ထပ်မတိုးရန် သူ့ကိုယ်သူ ဆုံးမမည်။ သူက ယောက်ျားတစ်ယောက်နှင့် ရှုပ်ထွေးရဲခဲ့သည်ဆိုမှတော့ ဤသတင်းတိုတစ်ပုဒ်ကို လွှင့်ပစ်ကာ『ပတ်သက်မှုကို မေ့ပျောက်』လေးနက်သည့်ဘဝတစ်ခု၌လည်း နေထိုင်ရဲရပေမည်။

သူ၏ဘဝတွင် ခံစားချက်မရှိဖူးသည့် မည်သူမဆို ကျော်ဖြတ်သွားမည်ဖြစ်ပြီး သူ့ထံတွင်လည်း ဆုံးရှုံးစရာ ရှိမနေပေ။ သို့သော်ငြား ကျိုးကျင်ရှင်းသည် သူ့ကို လက်လွှတ်မပေးခဲ့ချေ၊ သူ၏ နှလုံးသားအား ထိခိုက်နာကျင်စေပြီးသည့်နောက်တွင် အေးအေးဆေးဆေး ပြန်ပေါ်လာကာ အမဲလိုက်သည့် ပုံစံကဲ့သို့သော အပြုအမူဖြင့် သူ့အား 'ဖြစ်နိုင်မလား' ဟု မေးခဲ့ပြန်သည်။

အဲ့ဒီ့လူက ဘာကိုများ အလေးအနက်ထားတာရှိလဲ...။

သူ့အား မြေပြင်၌ နင်းခြေပြီးမှ ပြန်လည်ကောက်ယူ၊ သန့်ရှင်းစေပြီး ပြန်လည်အသုံးချမည်ထက် ကျိုးကျင်ရှင်းတစ်ယောက် သူ၏ လက်ကျန်ဘဝတစ်လျှောက်လုံးတွင် သူ့အပေါ် အာရုံမထားတော့ရန်သာ သူ သာ၍မျှော်လင့်မိသည်။ သူ၏နာကျင်မှု၊ ကူကယ်ရာမဲ့မှုနှင့် အိပ်ပျက်ညပေါင်းများစွာသည် ဟာသပြက်လုံးများသာ ဖြစ်နေခဲ့သည့်ပုံပင်။

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now