မင်းအတွက်ဆို... ( Part - 18)

797 138 9
                                    

Zawgyi ~

.
.

ငြိမ်သက်နေတဲ့ အခန်းလေးထဲ တစ်စုံတစ်ယောက်က ကျွန်တော့်လက်လေးကို သူ့ရင်ဘတ်ဆီ ကပ်ကာ ပြောတယ်။ ထိုသူကို ကျွန်တော် မမြင်ရဘူး... ဒါပေမဲ့ သူ့ရဲ့အသံက နားထောင်ကောင်းတယ်။ ရင်ထဲ နွေးနေအောင် ပြုစားနိုင်စွမ်းရှိတယ်။သူပြောတဲ့ စကားက

" အဲ့ဒီနေရာလေးက မင်လေးကို အရမ်းချစ်တာပဲ'' တဲ့

စကားသံရဲ့ အဆုံးသတ်ရောက်တော့ အေးစက်စက်လေပြေတွေတိုက်ခတ်လာတယ်။ အရမ်းချမ်းတာပဲ... ။ ထိုသူက ကျွန်တော့်လက်ကို တင်းနေအောင်ဆုတ်ကိုင်ထားတယ်..သူ့ကိုထားသွားမှာကြောက်လို့ ဆုတ်ကိုင်ထားသလိုမျိုး။အဲ့အချိန် အနောက်ကနေ ကျွန်တော့်ကို အခြားလူတစ်ယောက်က ဆွဲခေါ်နေတယ်။ ထိုသူလက်ကို ကျွန်တော်လည်း မလွှတ်ချင်ဘူး။အနောက်က ဆွဲခေါ်နေတဲ့သူကလည်း ကျွန်တော့်ကို အတင်းဆွဲထားတယ်။ ကျွန်တော်က အပြိုင်လုခံနေရတဲ့ သက်ရှိပစ္စည်းတစ်ခုလို။ ဒါပေမဲ့ ထိုလူက..

" ကိုကို့ ကို မထားခဲ့ရဘူးနော် ''တဲ့...

ကျွန်တော် ရင်ထဲ မိုးပြိုကျတဲ့ ခံစားချက်လိုပဲ။
ကျွန်တော် ထိုသူ့ဆီသို့ သွားဖို့ပြင်တော့ ခြေလှမ်းတွေ ထိန်းချုပ်ခံလိုက်ရသလို ရွေ့မရတော့ဘူး။ ထိုသူက ကျွန်တော့်ကို သူ့ဆီပြန်လာစေချင်ပုံရတယ်။ ကျွန်တော်ကရော.. ဘာလို့ မသိတဲ့သူဆီမှ သွားချင်နေလည်း မသိ။ စိတ်ကတားနေပေမဲ့ ရင်ဘတ်ထဲကနှလုံးသားလေး တဒုတ်ဒုတ်ခုန်လာပြီ ကျွန်တော့်ရဲ့ အသက်ရှူသံတွေပါ မြန်ဆန်လာရတယ်။ ထိုသူကို ကျွန်တော် လက်လွှတ်လိုက်ရတယ်..မဖြစ်ဘူး ထိုသူဆီ ကျွန်တော် သွားချင်တယ် ~ ကျွန်တော် သွားပါရစေ.... ဒူးထောက်ချကာ ထိုသူက ကျွန်တော့်ကို မျက်ရည်တွေနဲ့ ကြည့်နေတယ်။ ထိုသူ၏ မျက်နှာကို သေချာမမြင်ရပေမဲ့ သူ့၌ ကျတဲ့မျက်ရည်တွေကိုတော့ အသေးစိတ်မြင်နေရတယ်။ ထိုသူကဲ့သို့ ကျွန်တော်လည်း ငိုနေတယ်.. ဟုတ်တယ် ကျွန်တော် ငိုနေတယ်.. ကျွန်တော် ဘာလို့ မျက်ရည်တွေကျနေရတာလဲ..

ဒေါက်..ဒေါက်!

"ဟင်.....! ဟား...''

တံခါးခေါက်သံကြားမှ ကျွန်တော် အိမ်မက်မက်နေတယ်ဆိုတာ သိရသည်။ အပြင်မှာလည်း ကျွန်တော်ဟာ ငိုနေခဲ့တာပါ့လား...။ အိမ်မက်ထဲက ထိုသူက ဘယ်သူလဲ?

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now