မင်းအတွက်ဆို... (Part - 11)

1K 183 13
                                    

Zawgyi ~

မင်းအတွက်ဆို... ❄

.
.

စံအိမ်ကြီး ပြန်ရောက်တော့ နှစ်ယောက်သား  စကားမပြောသလို မျက်နှာချင်းလည်း မဆိုင်ကြ...ကားထဲမှ အမြန်ထွက်ပြီး အိမ်ထဲသွတ်သွတ်ဝင်သွားတဲ့ Jimin ကြောင့် Taehyung ပြုံးလိုက်သည်။ တကယ် ဘာလေးမှန်းကို မသိဘူး.. သူပဲစနမ်းပြီး သူပဲရှက်နေတာ~ကိုယ်တိုင်လည်း ရှက်ပြုံးနဲ့အတူ စံအိမ်ကြီးမှ ပြန်ထွက်လာခဲ့တယ်...လမ်းမှာလည်း  အတွေးပေါက်ကရတွေက တွေးနေမိသည်။

ဒီလိုလုပ်ရပ်က မှန်ပါ့မလား.. ကျွန်တော့်ဘက့်က မဖြူစင်ခဲ့တာမှန်ပေမဲ့ သူလေးကို အရောင်မခြယ်တဲ့ စက္ကူဖြူလေးတစ်ရွက်လို စင်ကြယ်စွာ ထားချင်ခဲ့တာ.. ခုတော့ သူလည်း ကျွန်တော့်လို ဖြစ်နေခဲ့မယ်လို့ မထင်ခဲ့ဘူး... ဒါတွေသာ သခင်ကြီး သိရင် ကျွန်တော်တို့ ဝေးသွားနိုင်တယ်မဟုတ်လား..မဖြစ်နိုင်ဘူး သူနဲ့ကျွန်တော် ~ အလှမ်းဝေးတဲ့ကြယ်ပွင့်ကို အဆပေါင်းများစွာဝေးကွာတဲ့နေရာကနေ လိုချင်တယ်လို့ပြောနေတဲ့ ကလေးတစ်ယောက်လိုပဲ.. မဖြစ်နိုင်မှန်းသိပေမဲ့ ကျွန်တော် နောက်မဆုတ်ချင်ဘူး... ရှေ့ဆက်တိုးဖို့ကျလည်း ကျွန်တော် မရဲ...။

ဆံပင်အုံကို ထိုးဖွရင်း  အင်ချွန်းသို့ မောင်းချလာသည်..အလောင်းကစားရုံကို တခါတည်းဝင်ခဲ့ပြီး အခြေအနေကို စစ်ဆေးကာ တိုက်ခန်းကို ပြန်ခဲ့သည်။ ဒီနေ့က မေ့မရနိုင်တဲ့နေ့စွဲဖြစ်၍ နမ်းရှုက်ခဲ့တဲ့ အခိုက်အတန့်ဟာ မျက်လုံးထဲက မထွက်ဘူး.. သူ့ရဲ့ နှုတ်ခမ်းဖူးလေးကို အတွေးထဲတွင် ပုံဖော်ရင်း ရေချိုးရန် bathroom ဆီ ဝင်ခဲ့သည်။ ရေသီးရေပေါက်တွေက ဆံပင်ဖျားတွင် တွဲခိုရင်း ခန္ဓာကိုယ်အောက်ဆီသို့ စီးကျသွားသည့်တိုင်း ခေါင်းထဲ ထိုအဖြစ်အပျက်အား တွေးနေဆဲဖြစ်သည်။ အရှေ့ရှိ မှန်သားပြင်အား လက်ဖြင့် ပွတ်ချလိုက်ပြီး...သက်ပြင်းချမိသည်။

ဒီညတော့ ညတာရှည်တော့မှာပဲ~

............................,. ...................

တဖက်မှာတော့

" အား.... ရူးတော့မှာပဲ ''

အိပ်ယာပေါ်မှာ ခေါင်းအုံးတွေကို ထုရိုက်ပြီး ညည်းထွားနေသည့် Jimin..... ။ သူလည်း ထပ်တူ ခံစားမိသည်.. နမ်းလိုက်တဲ့နှုတ်ခမ်းသားကို ပြန်စမ်းရင်း ရင်ခုန်သံတွေက ရထားတစ်စီးလို ခုတ်မောင်းနေတုံးပင်။ နမ်းခဲ့တာ သူအရင်ပေမဲ့ ခုလိုကျ ရှက်နေမိတယ်.... မရည်ရွယ်ပါသော်လည်း ထိုအခိုက်အတန့်ကို တမင်ဖန်တီးသလိုများ ဖြစ်သွားသလား
...ကိုကို့ရဲ့အကြည့်တွေထဲ ပျော်ဝင်နေတဲ့ ကျွန်တော့်စိတ်ကိုတားမရခဲ့ဘူး~အကြည့်တွေ အနမ်းတွေက ခုထိခံစားမိနေတုံး.. ဘယ်အချိန်က ကိုကို့အပေါ် ခံစားချက်တွေရှိနေခဲ့လဲ ကျွန်တော် မသိဘူး... သေချာတာတော့ ကျွန်တော် ကိုကို့ ကိုသဘောကျတယ်~ ကိုကိုပေးတဲ့ ဂရုစိုက်မှုတွေ.. စိုးရိမ်ပူပန်ပေးတဲ့အကြည့်တွေ.. အမြဲအမှန်တွေပေးပြီး တောင်းပန်ခဲ့တဲ့နေ့တွေ... အို ~အားလုံးကိုပဲ သဘောကျတယ်..ကြိုက်တယ်~ ကျွန်တော် ရူးသွားပြီလား...? ပြောမပြတတ်တဲ့ခံစားချက်ကြီးက ရင်ထဲမှာ အောင့်သက်သက်နဲ့ တခါတလေ နှလုံးခုန်သံတွေ မြန်ဆန်နေတာများ ရထားစီးနေရသလို ရင်ထဲ တလပ်လပ်နဲ့... ။

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Onde histórias criam vida. Descubra agora