မင်းအတွက်ဆို...(Part - 23)

841 113 12
                                    


Zawgyi ~

"ငါ့ကို အပြင်ထွက်ခွင့်ပေး... ငါမင်လေးနဲ့ တွေ့ချင်လို့ပါ..ငါ့ကိုသွားခွင့်ပေးကြပါကွာ တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး''

"ဆူညံနေတာပဲ တိတ်စမ်း...''

Taehyung တိုက်ခန်းရှေ့ ဗလတောင့်တောင့်နဲ့ ဒေါင်ကောင်းကောင်း လူကြီး ၃ယောက် ကို Mr. Park မှ စောင့်ကြည့်ခိုင်းထားပြီး Taehyung ကို အပြင်ကို ပေးမထွက်။ သား Wedding ပြီးမှ အပြတ်ရှင်းထုတ်ဖို့ ဆုံးဖြတ်ထားပုံရသည်။ ဒီလို အချိန်ကို ချစ်ရသူ ဆုံးရှုံးရတဲ့ခံစားချက်ကို အတုံ့အလှည့်အနေနဲ့ ခံစားစေချင်၍ ဖြစ်၏..။ တချို့သော ရန်ငြိုးတွေက သွယ်ဝိုက်သောနည်းဖြင့် ဂလဲ့စားချေတာ အရသာပိုရှိတယ်...။

တံခါးကို ရိုက်ထုနေလည်း အပိုပင်။ လက်တွေသာ သွေးထွက်ပီး ယောင်လာပေမဲ့ အားအင်တွေလည်း ရှိမနေတော့..။ရင်ထဲက နာကျင်မှုတွေက ပိုလို့တိုးလာသေး၏..။ ကျွန်တော် နာကျင်နေရပြီဗျာ..။ ဆုံးရှုံးမှုဆိုတာ ငယ်ကတည်းက ကြုံလာခဲ့ပေမဲ့ ကျွန်တော် မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားချစ်ရသူဟာ သူတစ်ဦးတည်းမို့ အဆုံးရှုံး မခံနိုင်တာ ကျွန်တော် မမှားပါဘူးဗျာ...။ ကျွန်တော် အတွက် ပိုင်ဆိုင်မှုလေးတော့ လောကကြီးက ပေးသင့်ကောင်းပါရဲ့..။

"ဘယ်သူလဲ.. သခင်ကြီးဆီက ဖုန်းလား.. ပေး ငါ့ကိုပေး! ငါ သခင်ကြီးနဲ့ ပြောစရာရှိတယ်..ပေး........''

"Boss.. သူက ဖုန်းပြောချင်လို့တဲ့ ''

ထို့နောက် အခန်းတံခါးကို ဖွင့်ပေးကာ Taehyung ဆီ ဖုန်းပေးလိုက်တော့ အလျင်အမြန်ပဲ ဖုန်းကို ဆွဲယူလိုက်သည်။

"သခင်ကြီး.. ကျွန်တော့်ကို မင်လေးနဲ့ တွေ့ခွင့်ပေးပါဗျာ..သခင်ကြီး ဘာခိုင်းခိုင်း လုပ်ပါ့မယ်.. ကျွန်တော်လေ ကျွန်တော် မင်လေးနဲ့ တွေ့ခွင့်ရရင် ကျေနပ်ပါပြီ.. ''

"ဘာခိုင်းခိုင်း တဲ့လား... အာ့ဆို မင်း ငါ့သားနဲ့ အဝေးဆုံးကို ထွက်သွားပေး.. ပြန်လာလို့ မရမဲ့ နေရာမျိုးပေါ့ ငါဘာကိုဆိုလိုလဲ သိတယ်မလား..''

Mr. Park ပြောတဲ့ ပြန်လာလို့မရမဲ့နေရာမျိုးက သေလမ်းပဲရှိတယ်။ ဒါကို Taehyung သဘောပေါက်၏။ ဒါကြီးကတော့ အရမ်း နိုင်စားလွန်ပါတယ်..။ ကျွန်တော့်တယောက်တည်းကိုပဲ ဒီလောက် ခါးသီးနေရလား..။ အရင်က ခုလောက်အခြေအနေမျိုး မဟုတ်ခဲ့ပါဘူး။ ဘာကြောင့်များ..ဘာကြောင့်များ ကျွန်တော် နဲ့ မင်လေးကို အရမ်းဝေးကွာစေချင်ရတာလဲ။

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now