မင်းအတွက်ဆို...( Part- 21)

914 125 5
                                    

Zawgyi...

နေရောင်ကြောင့် ရင်ခွင်ထဲက ကောင်လေးက လှုပ်လာ၍ Taehyung လည်း နိုးလာတော့သည်။အဝတ်ဗလာနဲ့မို့ ဖြူဖွေးအိစက်သော ပခုံးသားနုနုလေးပေါ်နေပြီး ပါးပြင်လေးမှာလည်း ရဲသွေးနေကာ ထိုးထောင်နေသည့်ဆံသားလေးအားသပ်ပေးလိုက်တော့ ပြန်ငြိမ်သွားသည်။အဖြူထည်​လေးကို အရောင်တွေဆိုးမိပြီ။ကိုကို့ ကိုခွင့်လွှတ်ပါ။အိပ်နေသေးသည့်ကိုယ်လေးကို စောင်လေးခြုံပေးခဲ့တာ Taehyung ထလာခဲ့သည်။အင်္ကျီပြန်ဝတ်ပြီး မင်လေးအတွက် မနက်စာပြင်ပေးဖို့ မီးဖိုခန်းထဲသို့ ။ပေါင်မုန့်၂ချပ်ကို မီးကင်ကာ ထောပက်ယိုလေးသုတ်ပြီးနောက် ကြက်ဥကြော်လေးပါ ဘေးတွင် ပုံထားလိုက်သည်။ စားပွဲပေါ် ချထားခဲ့ပြီး နွားနို့ကြိုဖို့ ပြင်စဉ်..

" ကိုကို ~ ''

အနောက်က ခေါ်သံကြောင့် Taehyung လှည့်ကြည့်တော့ သူ့အင်္ကျီအဖြူကို အောက်က အတွင်းခံနှင့်တွဲဝတ်ထားပြီး ခြေသလုံးဖွေးဖွေးက သွယ်ယှက်လျက်။လည်ပင်းဟိုက်​နေပြီး ရင်ဘက်တွင် မနေ့က ကိုက်ရာများက နေရာယူနေသည်။ Taehyung လှည့်ကြည့်တော့ ရှက်သလိုဖြစ်သွားကာ ခြေချောင်းလေးတွေအား အချင်းချင်း ပွတ်သက်နေတဲ့ Jimin။ မနက်ခင်းမို့ အသားအရေဟာ ကြည်လင်နေပြီး မျက်လုံးမို့မို့လေးကြောင့် အသဲယားဖွယ်။ Taehyung ၏အကြည့်တွေက အကုန်ခြုံငြုံလျက်ကြည့်နေ၍ Jiminအတော်ရှက်နေသည်။

" ကိုကို ~ ..! မင်လေး အင်္ကျီ တွေက ညစ်ပတ်နေလို့ ကိုကိုအင်္ကျီ ယူဝတ်တာ စိတ်မဆိုးဘူးမလားဟင်''

" ဆိုးတယ်...''

Taehyung စကားကြောင့် Jimin မျက်နှာညိုးသွားသည်။စိတ်ဆိုးတယ်လား။ အင်္ကျီတွေက ညစ်ပတ်နေလို့ ယူဝတ်မိရုံပါ။ကိုကိုက စိတ်ဆိုးတယ်တဲ့.။

" ကိုကို့ပိုင်တာ မင်လေးအပိုင်မို့ ခွင့်တောင်းနေတဲ့အတွက် စိတ်ဆိုးတယ်၊ ကိုကိုဟာ မင်လေးအပိုင်~နောက်ဆို မင်လေးစိတ်တိုင်းကျ နေပါ.. ကိုကို့ ကို ပြောနေစရာမလိုဘူး ဟုတ်ပြီလား''

အနားကိုလျှောက်လာပြီး မင်လေး၏ ပါးပြင်၂ဖက်ကို အုပ်ကိုင်ကာ ဆိုလေသည်။ ထိုခါမှ အဖြူရောင်နတ်သားလေးလည်း ပြုံးတော်မူ၏။ လက်လေးကို ဆွဲယူကာ ထမင်းစားပွဲဘေးရှိ ခုံတွင် ထိုင်စေပြီး ခုဏက ပေါင်မုန့်ထောပက်ပန်းကန်လေးအား ချပေးတော့ မင်လေးက ပြူးကြောင်လေးဖြင့် ကြည့်သည်။နွားနို့ကို အပူပေးပြီး ဖန်ခွက်လေး၌ ထည့်ကာ အရှေ့သို့ တိုးပေးလိုက်သည်။

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now