မင်းအတွက်ဆို... (Part- 24)

797 111 8
                                    


မင်းအတွက်ဆို... 

Zawgyi ~

ကိုယ်က ချစ်နေရဖို့ထက် သူလေးရဲ့ ပျော်ရွှင်မှုတွေသာအလေးအနက်ထားတဲ့သူ။ ပိုင်ဆိုင်ရသည်ထက် နွေးထွေးမှုတွေပေးနေရရင်ဘဲ ပျော်နေရပြီ။ ဒီတသက်မှာ မေ့မရအောင်ချစ်ခဲ့ရသူမို့ နောင်ဘဝ၌လည်း ထိုအချစ်တွေရှင်သန်နေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်...။

ကျွန်တော်တို့ အချစ်တွေဟာ စစ်မှန်ကြတယ်လေ...။

တရားသော လောကကြီးရယ်ဆိုတာ ဒီကမ္ဘာမှာ မရှိတာ ကျွန်တော် ငယ်စဉ်ကတည်း သိနှင့်ပြီးခဲ့ပါပြီ။ ထို့ကြောင့် ဘယ်အရာမှ မျှော်လင့်ချက်တွေထားပြီး မရှင်သန်ချင်တော့ဘူး။ရှိနေဆဲအချိန်ကာလလေးမှာပဲ အကောင်းဆုံး နေထိုင်သွားဖို့ ကျွန်တော် ကြိုးစားသွားမှာပါ ။ ကျွန်တော်ဟာ ရှင်သန်နေခဲ့ရင်ပေါ့...။

Church  ကျောင်းတော်ကြီးရဲ့ အလယ်မှာ အဖြူရောင် ပန်းပွင့်တွေနေရာယူထားတယ်။ ဖဲပွင့်ပန်းရောင်လေးတွေ ဖက်တွယ်ထားတဲ့ ထိုင်ခုံလေးတွေက ဘယ်ညာ၌ အစီအရီနှင့် ။အနီရောင်ကော်ဇော်ကြီးက အလယ်၌ ထီးထီးကြီးဖြင့် အရမ်းခမ်းနားနေတာပဲ.. အဖြူရောင် လိုက်ကာစတွေက လေနှင့်အတူ လွင့်မြူးပျော်ပါးနေတယ်.. ဒီနေ့ဟာ အဲ့လောက်လှပခဲ့တာပါ။

"ဂျီမင်းလေးက အလှလေးပဲ.. အစ်မ သိပ်တောင်မပြင်လိုက်ရဘူး Perfect ကိုဖြစ်လို့ နှုတ်ခမ်းလေးက အရောင်ထည့်စရာမလိုအောင် စိုပြီး ရဲနေတာပဲ ဒါမဲ့ အစ်မ စတော်ဘယ်ရီအနံ့လေး အပေါ်ယံထပ်ဆိုးပေးမယ်နော် ဒါမှ popoပေးရင် မွှေးနေမှာ.. အဟင်း..''

"အစ်မ အဆင်ပြေသလိုလုပ်ပါ ဘာပဲဖြစ်ဖြစ် ''

သတို့သားလောင်းလေးအတွက် အလှပြင်ပေးတဲ့ အခန်း၌ makeup ပြင်ပေးတဲ့ အစ်မက​တော့ အားသွန်ခွန်စိုက် အလှဆုံး ဖြစ်အောင် ပြင်ပေးနေလေရဲ့..။တကယ့်ကို စိတ်ရှည်ရှည်နဲ့ ပင်။ အခကြေးငွေကလည်း ပုံအောပေးထားသည်လေ။

"ကဲ လှသွားပြီ အင်္ကျီအရောင်နဲ့လိုက်အောင် ပါးလေးကို အရောင်လေးတင်မယ်နော် အင်္ကျီက အဖြူလေးဆိုတော့ ပါးလေးက ရဲသွေးလေးပြေးနေတော့ ပိုလှသွားတာပေါ့ ''

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Tempat cerita menjadi hidup. Temukan sekarang