မင်းအတွက်ဆို... (Part - 13)

906 188 16
                                    


Zawgyi ~

မင်းအတွက်ဆို... ❄

~

~

      အချစ်ကို...  ရယူခြင်းတွေ ပိုင်ဆိုင်ခြင်းတွေ

ပေးဆပ်ခြင်းတွေ အနစ်နာခံခြင်းတွေနဲ့ ဖွဲ့နွဲ့ကြတယ်~

        ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ

မြတ်နိုးခြင်းတွေအပြည့်နဲ့ ကြင်နာယုယမယ် ~

နူးညံ့ညင်သာမယ် ~ သူ့အတွက်ဆို ဘာမဆိုဖြစ်ပေးမယ်~

ရိုးရှင်းလား...? ခင်ဗျားတို့အတွက်...

ကျွန်တော့်အတွက်တော့ သူက ကမ္ဘာကြီးပဲ~~~

သူမရှိဘဲ မနေနိုင်ဘူး... သူပျောက်ကွယ်သွားရင်

ကျွန်တော်လည်း ထပ်တူညီစေရမယ်~

*****

ကမ်းခြေမှ ပြန်လာကြပြီးနောက် Jimin ကို ဖွားအိမ်ဆီ ပြန်လိုက်ပို့ရတယ်... ဘေးမှာ ခေါင်းလေးငဲ့ပြီး ရှေ့သို့ ဆူထွက်နေတဲ့ နှုတ်ခမ်းလေးကြောင့် အိပ်နေတာတောင် ချစ်ဖို့ကောင်းနေဆဲ~ ရင်ဘတ်ပေါ် ခြုံထားတဲ့ ကုတ်အင်္ကျီလေးကို အပေါ်တိုးတင်ပေးပြီး ကားကို ဂရုစိုက်မောင်းလိုက်သည်။

မင်လေးရဲ့ အပြုံးတွေ ရယ်သံလေးတွေ လိုချင်တာရရင်မျက်လုံးလေးမှိတ်မတက်.. ပြုံးနေတာလေးတွေ စိတ်ကောက်တဲ့ခါ ထော်နေတဲ့ နှုတ်ခမ်းဖူးလေးတွေ ကို တနေ့တည်းနဲ့...မြင်တွေ့လိုက်ရတယ်~ခင်ဗျားတို့ သိလား? ကျွန်တော့်နှလုံးသားလေးက အရမ်းပျော်နေတယ်ဆိုတာ~~ တချက်တချက် အကြည့်ချင်းဆုံသွားရင် ရင်ဘတ်ထဲမှာ လိပ်ပြာတွေပျံနေသလို တဖျက်ဖျက် တလပ်လပ်နဲ့... သေချာနေပြီ မင်လေးကို ကျွန်တော့်နှလုံးသားလေးက သဘောကျနေတယ်ဆိုတာ~~

ခြံထဲသို့ ကားလေးလည်း တဖြေးဖြေး မောင်းလာခဲ့သည်...အိပ်ပျော်နေဆဲ ကလေးလေးကို ကျွန်တော် မနှိုးရက်...နဖူးပြင်ပေါ် ဖျာကျနေတဲ့ ဆံသားလေးတွေကို သပ်တင်ပေးပြီး ငေးကြည့်နေမိတယ်...ထိုအချိန်လေးကို ခဏလောက် ရပ်တန့်လို့ရရင် ကျွန်တော် ရပ်တန့်ထားချင်တယ်~မြတ်နိုးသူကို တစိမ့်စိမ့်ကြည့်နေရတဲ့ အရသာက ဘာနဲ့မှ မတူဘူး...။

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now