မင်းအတွက်ဆို ( Part- 25) Ending💔

1.4K 147 17
                                    


မင်းအတွက်ဆို....
Zawgyi ~

ကံကြမ္မာမည်သည် ရက်စက်တတ်၏။....

~~~~~~

"သခင်လေးMin..''

"ဟုတ်.. အထဲမှာ ရှိပါတယ် ဝင်ခဲ့ပါ''

"ဟို... ဒါလေး ဒါလေးပေးချင်လို့ ဆရာKim Taehyung ကပေးခိုင်းလိုက်တာပါ''

"ကိုကို.. ကိုကိုကပေးခိုင်းလိုက်တာ ''

Jinjuလက်ထဲက သေတ္တာလေးကို အလျင်အမြန်ဆွဲယူလိုက်ပြီး မှန်တင်ခုံရှေ့ ချကာ ဖွင့်ကြည့်လိုက်သည်။ အင်္ကျီကလေး... ကိုကိုနဲ့သူ စတွေ့တဲ့နေ့က သူပေးခဲ့တဲ့အင်္ကျီကလေး..အရောင်လေးနဲနဲမှိန်သွားတာကလွဲ..၊ အကောင်းအတိုင်းပင်။ ထိုအင်္ကျီကလေးကို မြင်တော့ Jimin ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပျက် ခွေကျသွားပြီး အသက်ပြင်းစွာ ရှူရှိုက်ကာ မှတ်ဥာဏ်တွေအား တစ်စတစ်စ ပြန်မြင်ယောင်လာတော့၏။မျက်ရည်တွေဟာ ဖြေမဆည်နိုင်... သူအရမ်း ရက်စက်ရာကျသွားတယ်မလား။ကိုကို့တစ်ယောက်တည်း မေ့နိုင်ရက်ရတာလဲ။ အိမ်မက်ထဲက သူ့အပေါ် နွေးထွေးလွန်းတဲ့သူဟာ ကိုကိုဆိုတာ အသိနောက်ကျခဲ့သလို နှလုံးသား၌လည်း အထိနာခဲ့သည်။ အမြဲအမှန်တွေပေးပြီး အော်ငေါက်ဖို့နေနေသာသာ အလိုလိုက်လွန်းလို့ အပြစ်ပြောတတ်တဲ့မင်လေးကို ကိုကိုက အပြစ်မမြင်ခဲ့ဖူး။အနစ်နာခံလွန်းလို့ အသားအနာခံပြီး မြက်ခင်းပေါ်ဒူးထောက်ခဲ့တဲ့နေ့ကို မင်လေး မှတ်မိပါပြီ ကိုကိုရယ်..။ကိုကိုက မင်လေးအတွက် နှစ်ယောက် မရှိတဲ့ အနွေးထွေးဆုံးလူသားတစ်ယောက်ပါ။

"ကိုကိုရော... ကိုကိုရောလို့...''

Jinjuကိုအော်ဟစ်ပြီး မေးလိုက်၏။ သူ ကိုကို့ကို အခုမှချစ်သည်မဟုတ်..ငယ်ကတည်းကဆိုတာ သူသိပြီမို့ အမြန်ဆုံးပြေးတွေ့ချင်စိတ်က ပြင်းပြနေသည်။သူချစ်ရတဲ့ကိုကို ခုချိန် ဘယ်ဆီမှာများ ရှိနေမလဲ။

"ဆရာက နေဝင်တာမြင်ရတဲ့နေရာလေးမှာ စောင့်နေမယ်ပြောပါတယ်... ''

"ငါသိတယ် အဲ့နေရာ.. ဖယ်..''

ချက်ချင်းပဲ တံခါးကို ဖွင့်ဖို့ပြင်တော့ အပြင်ကနေ JungKook လည်း အထဲဝင်ဖို့ ဖွင့်လိုက်သည်။ Jiminရဲ့ မျက်နှာ၌ မျက်ရည်စီးကြောင်းတွေက အထင်းသား။ အခန်းထဲ ကြည့်လိုက်တော့ Jinjuသည်လည်း ပစ္စည်းပေးပြီးပြီမို့ ချက်ချင်း ပြန်ထွက်သွားတော့၏။ Jinjuထွက်သွားသည်နှင့် JungKook လည်း အခန်းတံခါးကို ပြန်ပိတ်လိုက်သည်။

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now