မင်းအတွက်ဆို... (Part - 4)

1.2K 229 14
                                    


Zawgyi ~

မင်းအတွက်ဆို... ❄


မှားသည်ဖြစ်စေ~မှန်သည်ဖြစ်စေ~
ကိုယ်ကပဲ အနစ်နာခံပြီး တသက်လုံး အရှုံးနဲ့ နေသွားရလည်း~ဖြစ်တယ်...

" တောင်းပန်ပါတယ်..''

အဲ့စကားကို Jungkook  ရှေ့တွင် ခေါင်းငုံ့ပြီး ပြောလိုက်သည်။ဘေးမှ Jimin လေးလည်း အတူရှိနေခဲ့သည်~ကျောင်းရဲ့ အားကစားခန်းမထဲ၌ သုံးယောက်ဆုံလိုက်ကာ~Jimin ဖြစ်စေချင်တဲ့အတိုင်း ကျွန်တော် အဲ့ကောင်ကို တောင်းပန်လိုက်တယ်...၊ ဒါပေမဲ့ အနိုင်ရသူပီပီ မချေမငံဖြင့်

" ဘာအတွက် !''

မသိတာလား... ၊ မသိချင်ယောင်ဆောင်တာလား...။
အဲ့မျက်နှာထားကို ဆွဲထိုးချင်လောက်အောင် စောက်မြင်ကပ်တယ်~သူလေးကြောင့်သာ မဟုတ်ရင် ဒီလိုနေ့ဟာ ရှိလာခဲ့မှာ မဟုတ်ဘူး...။ဒီနေရာမှာ ဂုဏ်ဒြပ်တွေနဲ့ အဆင့်အတန်းကို တိုင်းတာခဲ့ရင်တောင် ကျွန်တော် မမှု့ဘူး~အရုပ်လေးကြောင့်မို့သာ...။
မသိရင် နစ်နာသူလို..၊ သဘောထားကြီးသူလို အရှေ့မှ ရပ်လျက်... ကျွန်တော် ပြောတာကို ဟန်ဆောင်ကောင်းစွာ~ဖြူစင်ပြနေတော့.. အချိန်ကြာကြာ သူနဲ့ မျက်နှာချင်းမဆိုင်_
အိပ်ချင်ယောင်ဆောင်တဲ့သူက နိုးရခက်တယ်တဲ့..။
အင်းလေ.. မသိတော့လည်း ပြောပြရတာပေါ့~

" ဟိုနေ့က ကိစ္စအတွက်... ''

" စိတ်ရင်းနဲ့လား.. ဟက် ''

မြင်လား... ဒီကောင် တမင်သပ်သပ် show လုပ်နေတာ~မင်လေးရှေ့မှာ...သူဟာ ဖြူစင်သူကြီးပေါ့_။
စိတ်လျော့ TaeHyung... ~ မင်လေး ထပ်စိတ်မပျက်စေနဲ့_

" အင်း... ငါတောင်းပန်ပါတယ် ''

" Ok လေ..၊ ကိုယ့်အမှားကိုယ် သိတော့ ကောင်းတာပေါ့
ငါကလည်း~ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပါတယ်''

" ဘယ်သူမှားတယ် မှန်တယ် ဆိုတာ.. ကွကိုယ်သိမှာပါ''

ထယ်ယောင်း ရဲ့ စကားက အရှိုက်ကိုထိသွားပုံရသည်~မျက်နှာကြီးမဲသွားပြီး ဒေါသမျက်ဝန်းတွေနဲ့ ကြည့်နေတဲ့ JungKook ကြောင့် ထယ်ယောင်း ပြုံးပြ၍သာ...

" အာ့ဆို Kookie ရော~ ကိုကိုရော
အဆင်ပြေသွားကြပြီပေါ့နော်..
နောက် ရန်မဖြစ်ရဘူးနော် ~ နောက်တခါ ရန်ဖြစ်ရင်
မင်လေး..နှစ်ယောက်လုံးကို မခေါ်တော့ပဲနေမှာ~''

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now