မင်းအတွက်ဆို... (Part - 7)

1.1K 191 7
                                    


Zawgyi ~

မင်းအတွက်ဆို...❄

.
.

" တောက်...! မကျေနပ်ဘူးကွာ
ဒီပွဲက ငါနိုင်ရမှာ ၊ မထင်ထားတဲ့ ရလာဒ်ကြီး.. ၂မှတ်နဲ့ ကပ်ရှုံးရတယ်လို့... fuck !''

နံရံကိုလက်သီးနဲ့ တစ်ချက်ထိုးလိုက်ပြီး ဒေါသတွေထွက်နေတဲ့ JungKookကို Hobi မှ တားလိုက်သည်။ပွဲကပြီးသွားပြီ..၊ ဘာမှ လုပ်လို့မရတော့ဘူးလေ~ ခုလို စိတ်လိုက်မာန်မာ လုပ်ရင် ကိုယ်ပဲ အသားနာတာ အဖက်တင်တယ် ။သူတို့လည်း အကောင်းဆုံး ကြိုးစားခဲ့ကြတာပဲဟာ..။

" စိတ်လျော့ပါကွာ Jungkook ရာ..''

Hobiတားတော့ ဘေးမှာ ရှိတဲ့ ခုံကို ကန်လိုက်ပြီး မျက်လုံး၌ ဒေါသမီးတွေ တောက်လောင်နေသည့် Jungkook ။ စိတ်ကို လျော့ဖို့ တားလည်း အပိုပဲ ။ခုချိန်မှာ မြင်မြင်ရာ ထိုးသတ်ပစ်ချင်တာ..။ခံပြင်းနေတဲ့စိတ်ကို အသက်ပြင်းပြင်းရှူပြီး လွတ်တဲ့ခုံတွင် ဝင်ထိုင်လိုက်သည်။

" မလျော့နိုင်ဘူး.. ၊ ငါမကျေနပ်ဘူးကွာ
အလောင်းအစားအနေနဲ့ သူခိုင်းတာ ငါလုပ်ရတော့မယ်~ ဘယ်လောက်ရှက်ဖို့ ကောင်းလဲ ၊ မင်လေးရှေ့မှာ ရှုံးတာမို့ ပိုခံပြင်းတယ်.. ၊ ခုလောက်ဆို အဲ့ကောင် ဂျိုကြွနေလောက်ပြီ.. ပြီးတော့ မင်လေးက သူ့ကို ပြုံးပြီး ချီးကျူးတာ မြင်ရတော့ ငါ့ရင်တွေ ကြေမွသွားသလိုပဲ.. ဒီကိစ္စကို ငါလုံးဝ ဒီတိုင်းမထားနိုင်ဘူး_ ဟျောင့်တွေ  တခုခုကြံစမ်း ''

ဘေးမှ ဝိုင်းအုံနေတဲ့ သူငယ်ချင်းတွေကို အကြံထုတ်ဖို့ ပြောလိုက်သည်။သို့သော် ဘယ်သူမှ အသံမထွက်လာ။Hobiကပဲ Jungkook နားလည်အောင် ပြောပြရတော့သည်။သူ့သူငယ်ချင်း စိတ်ကို သိတာကြောင့် အခြေအနေ မဆိုးခင် မလုပ်သင့်တာ မလုပ်ဖို့ ပြောရတော့သည်။

"ပွဲက လုံးဝ အရှင်းကြီးလေ ငါတို့က ဘာတတ်နိုင်မှာလဲ~ ဒိုင်ကိုတောင် ငါနဲနဲ လာဒ်ထိုးထားရသေးတာ.. ''

" ချီးပဲ.. အာ့ဆို ငါက သူခိုင်းသမျှ လုပ်ရတော့မှာလား ''

" ယောကျာ်း ပီသလိုက်စမ်းပါကွာ.. နောက်ခါ ကြုံရင် အသေပြန်ဖဲ့လို့ ရသေးတာပဲ ''

" ငါ ယောကျာ်းကွ..! ဒါပေမဲ့ကွာ အခြားသူရှေ့သာ အရှုံးကို လက်ခံလိုက်မယ်~ အဲ့ကောင်လို အောက်တန်းစားရှေ့မှာ ခေါင်းငုံ့ အရှုံးပေးလိုက်ရတာမျိုးကို သိပ်ရွံတယ်...''

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now