မင်းအတွက်ဆို... ( Part- 5)

1.2K 221 25
                                    

Zawgyi ~

မင်းအတွက်ဆို... ❄


နေရောင်ခြည်.. မျက်နှာပေါ်ရောက်တာနဲ့ မျက်လုံးမှာလည်း အော်တိုပွင့်လျက်~ တကိုယ်လုံး ညောင်းကိုက်နေပြီး အဖျားငွေ့ငွေ့လေးက လူကို နုံးချိစေတယ်~မနေ့က မိုးရေထဲ အနေကြာသွားတာကြောင့် ကျွန်တော်ဖျား ချင်နေသည်။တချက် တချက်.. ရီဝေသွားတဲ့ မျက်လုံးတွေကို အဖွင့်အပိတ်လုပ်ရင် အခြေအနေဟန်အောင်ထိန်းနေရင်း~ အိပ်ယာမှ ထခဲ့သည်။မနေ့က အိမ်ကြီးဆီ ပြန်ရောက်တော့ အဝတ်စား အမြန်လဲပြီး.. သခင်ကြီး စိတ်မပျက်အောင် ပျော့ညံ့ပြနေလို့မဖြစ်၍ ထို့ကြောင့် မနားမနေ လေ့ကျင့်ရေးသို့ သွားလိုက်သည်။ပျော့ညံ့တဲ့သူတစ်ယောက် မဖြစ်ချင်ဘူး~ အထူးသဖြင့် မင်လေးရှေ့မှာပေါ့...။

ကျောင်း Uniform လဲပြီး အိမ်ကြီးဆီ ထွက်လာခဲ့သည်။မနက်စာကတော့ သိတဲ့အတိုင်းပေါ့_ အလုပ်သမားအိပ်ယာမှာပဲ စားခဲ့လိုက်တယ်...၊ အဲ့မှာ ကြာကြာလည်း မနေချင်ပါဘူး~ကျွန်တော့်ဆို အထင်သေးတဲ့ မျက်လုံးတွေနဲ့ အမြဲကြည့်ပြီး ပြောချင်ဆိုချင်တဲ့သူက အများသား ။

ဒီနေ့ အိပ်ယာထ နောက်ကျသွားတယ်ထင်တယ်.. မင်လေးလည်း အဆင့်သင့်ဖြစ်လို့နေပြီ~။ ချောင်းဆိုးနေတဲ့ ကျွန်တော့်ကို မြင်တော့

" ကိုကို နေမကောင်းဘူးလား ~ မနေ့က မိုးရေတွေကြောင့်..ကိုကိုဖျားပြီ_ မင်လေးပြောသားပဲ လိုက်ခဲ့ပါလို့.. ခုတော့ ကြည့်~ ''

" ကိုကို အဆင်ပြေပါတယ် ~ နဲနဲ နေလို့မကောင်းရုံပါ''

ကျွန်တော့်အတွက် ပူပန်ပေးနေတာနဲ့တင် ကျေနပ်လှပါပြီလေ..။ သူ့စကားကို နားမထောင်လို့ ကျွန်တော့်ကို ဆူအောင့်နေတော့ ဘာပြန်ပြောရမှန်းမသိ။ အဲ့နေ့က JungKook ကားသာ မဟုတ်ခဲ့ရင် တမျိုးပေါ့..။ ထားပါတော့လေ ပြီးပြီးသားကိစ္စတွေ ပြန်တွေးမနေချင်တော့ဘူး~ ။

မနေ့က ကိုကို့ ကို ထားခဲ့ရလို့ စိတ်မကောင်းဖြစ်နေခဲ့တာ~အအေးပတ်ပြီး ဖျားနေမှာ စိုးခဲ့တာ..၊ခုတော့ ထင်တဲ့အတိုင်းပဲ ။ ကိုကိုနဲ့တော့ ခက်တယ် ~

" ကဲ သွားကြတော့.. နောက်ကျနေမယ် ''

" ဟုတ်ကဲ့..''

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now