မင်းအတွက်ဆို... ( Part - 3)

1.4K 237 26
                                    


Zawgyi ~

မင်းအတွက်ဆို... ❄



နေရောင်ခြည်နွေးနွေးလေးက ပြတင်းပေါက်မှ ထိုးထွင်းပြီး မျက်ဝန်းပေါ်သို့ ခပ်စူးစူးလေး ယှက်ပြေးနေသည်~ မျက်လုံးဖွင့် နားစွင့်လိုက်တော့ အလုပ်သမားအိပ်ယာမို့ ခြေသံ၊ စကားပြောသံတွေ~ အိပ်ယာထဖို့ နိုးဆော်သံတွေဟာ ဆူညံ့လျက်~ ကျွန်တော်လည်း အိပ်ယာမှထပြီး အများသုံး ​ရေချိုးခန်း၌ ​ရေမိုးချိုးပြီး သခင်ကြီး စီစဉ်ပေးထားတဲ့ ကျောင်းဝတ်စုံကို ကောက်ဝတ်လိုက်သည်~။ဟုတ်ပါတယ်~ ဒီနေ့ကကျွန်တော် ကျောင်းဆိုတဲ့ သူအများခေါ်ဝေါ်တင်စားတဲ့နေရာကြီးမှာ ပြန်နေရဦးမည်~ တချို့က ကျောင်းတက်ရတာ ပျော်ကြတယ်~ကျွန်တော့်အတွက်ကတော့ လူအများရဲ့ ရှုံ့ချခြင်း~ဒီကောင်က မိဘမဲ့လေ ~ အလကားကောင်ပါကွာ~ စတဲ့ ချိုးနှိမ်ခြင်းစကားတွေကို ကြားလာခဲ့ရတာမို့~ကျောင်းတက်ခဲ့စဉ်က ပျော်စရာမကောင်းခဲ့ဘူး~။

မနက်စာကို အိမ်အကူအဒေါ်ကြီးမှ အားလုံးကို ချက်ပြုတ်ကျွေးရသည်မို့~အိမ်ရဲ့ အလုပ်သမားတွေလည်း ကိုယ်စီ ပန်းကန်တစ်ချက်စီကိုင်ကာ တန်းစီပြီး ထိုအဒေါ်ကြီးရဲ့ ခပ်ထည့်တဲ့ ဟင်းတွေကို စောင့်စားနေသည်။ကျွန်တော်လည်း တင်ထားတဲ့ ပန်းကန်တွေထဲမှ တစ်ချပ်ကို ကောက်ယူပြီး အများနည်းတူ တန်းစီလိုက်တယ်~ အလယ်နားရောက်တော့ ဦးလေးကြီး တစ်ယောက်မှ ကျွန်တော့် ကိုတွန်းထုတ်လိုက်ပြီး ကျွန်တော့် နေရာကို ဝင်ယူလိုက်တယ်~ တွန်းလိုက်တဲ့အရှိန်ကြောင့် ဘေးကို လဲကျသွားတော့ ဝိုင်းကြည့်ပြီး ဝါးတိုက်ကြသေးသည်။ ပြန်ထလိုက်ပြီး _

" ဦးလေးကြီး ဘာလုပ်တာလဲ ဒါကျွန်တော့် နေရာလေ ''

" ဒီမှာ ကောင်လေး.. လူကြီးကို ဦးစားပေးရမယ်ဆိုတာ နားမလည်ဘူးလား ''

ဟု ပြောတော့ ထယ်ယောင်း ဒေါသထောင်းခနဲ ထွက်သွား၏။အသက်ကြီးပြီး အချိန်မစီးတဲ့ လူကြီး~

" ဦးစားပေးတာ ဟုတ်ပါပြီ စကားနဲ့ပြောလေ ဘာလို့ကျွန်တော့်ကို တွန်းထုတ်တာလဲ ဒါဦးလေး တမင်ညစ်တာ ''

ထယ်ယောင်း ထိုသို့ ပြောတော့ ထိုလူကြီးက ခနဲ့သံဖြင့် ထယ်ယောင်းကို ကြည့်ကာ..

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now