မင်းအတွက်ဆို... (Part - 8)

1K 192 9
                                    


Zawgyi ~

မင်းအတွက်ဆို...❄

~

~

နှစ်တွေ လတွေ တရွေ့ရွ့ ကုန်လာခဲ့သည်။
ဆောင်း... ဆောင်းဦး ၊ မိုး... မိုးဦး ~ ရာသီတွေ အလီလီကြာပြီးနောက် Taehyung အထက်တန်းပြီး၍ တက္ကသိုလ်ကို အဝေးသင်တက်ပြီး သခင်ကြီးရဲ့ လုပ်ငန်းတချို့တွင် နေရာရလာခဲ့သည်။

သခင်ကြီးရဲ့ အလုပ်တွေက ကုမ္ပဏီလုပ်ငန်းတွေလည်းပါသလို တရားမဝင်တဲ့ လောင်းကစားဝိုင်းတွေလည်း များစွာရှိတယ်။အဲ့ထဲမှ အင်ချွန်းက လောင်းကစားဝိုင်းက ကြေးအများဆုံးနဲ့ အလောင်းကစားနယ်ပယ်မှာ ဒိတ်ဒိတ်ကျဲနာမည်ကြီးတဲ့လူတွေနဲ့ ပြည့်နက်နေပြီး တနေ့ဝင်ငွေက million ချီတာမို့ Mr. Park ရဲ့ အလေးထားရာတခုဖြစ်တယ်။အရှုပ်အရှင်းလည်းကင်းပြီး ရန်ဖြစ်ခဲ့ရင် ဘယ်သူမှတောင် သိလိုက်လိမ့်မည်မဟုတ် အသက်ပျောက်သွားမည်။ထိုနေရာကို ထယ်ယောင်းအတွက် နေရာပေးလိုက်တာမို့ တာဝန်ကြီးတယ်။တခါတလေ examရက်နဲ့တိုက်တဲ့နေ့မှာ ရန်ပွဲဖြစ်ရင် စာမေးပွဲကို မဖြေဘဲ အင်ချွန်းကို ပြေးရတယ်။ ဒါကြောင့် တက္ကသိုလ်မှာ ခုထိ ဘွဲ့မရသေးဘူး။ အဲ့အလုပ်တွေနဲ့ ယောက်ယက်ခက်နေလို့ မင်လေးနဲ့တွေ့ဖို့ အချိန်က နည်းလေပဲ။နားချိန်မရှိ ဟိုဒီပြေးရင်း အိပ်ချိန်ထဲမှ စာကြည့်ချိန်ခွဲကာ လေ့လာရတယ်။အဝေးသင်တို့ထုံးစံ အချိန်တော့ကြာသည်။

အရင်ပြောတဲ့ ငါ့သားကိုအနစ်နာပြီး အသက်ပေးရတဲ့ထိ ဂရုစိုက်ဖို့ ပြောခဲ့တဲ့ Mr. Park ရဲ့စကားတွေက ခုတော့မဟုတ်တော့။ မင်လေးအနားကို မျက်လုံးတောင် ဝေ့ကြည့်ဖို့ အခွင့်မပေးတော့ဘူး။ ကျွန်တော် အထက်တန်းပြီးတဲ့နောက် သခင်ကြီးက စည်းကမ်းတွေတင်းကျပ်လာတယ်။ အိမ်ကြီးထဲကို ပေးမဝင်တော့သလို အနားကိုတောင် အကပ်မခံတော့ဘူး။ကျွန်တော် အဝေးသင်တက်နေစဉ် အတော်အတွင်း အင်ချွန်းမှာတိုက်ခန်းဝယ်ပေးပြီး အဲ့မှာပဲ နေစေတယ်။ခုထိပေါ့။

မင်လေးနဲ့ တွေ့ခဲ့တဲ့နောက်ဆုံးအ ချိန်က အထက်တန်းပြီးတော့ စံအိမ်ကြီးမှာ မင်လေးအတွက် ပါတီပွဲကျင်းပပေးပြီး လူကြီးလူကောင်းတွေကို အကျအနဖိတ်ထားတယ်။အဲ့ပွဲမှာ မင်လေးက အရမ်းလှတယ်သိလား... အသက်၁၇နှစ်အရွယ်က စမတ်ကျပြီး သားနားနေတယ်လို့ မထင်နဲ့ မင်လေးက နတ်သားလေးသဖွယ် လှပကျော့ရှင်းတဲ့ ရုပ်သွင်အပြင်ကို ပိုင်ဆိုင်ထားတာ။ပါတီကိုလာတဲ့မိန်းကလေးတွေတောင် မင်လေးအလှကို အားကျရတဲ့အဖြစ်။အဲ့​နေ့က ကျွန်တော် မင်လေးအနားကို တိုးကပ်ဖို့ သွားခဲ့တယ်.. ဒါပေမဲ့

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now