မင်းအတွက်ဆို... (Part - 19)

741 125 19
                                    

Zawgyi ~

ပျောက်သောသူ ကြာရင် တွေ့

သေသောသူ ကြာရင် မေ့၏

မေ့သောသူ ကြာရင် ပြန်မှတ်မိနိုင်ကောင်းပါရဲ့~

-
-

ဒီမနက်လည်း မျက်ရည်စတွေနဲ့ Jimin နိုးထလာသည်။ ရင်ဘတ်ထဲက နှလုံးသားလေးဟာ စူးနစ်နေတဲ့ ခံစားချက်ကြောင့် တဆစ်ဆစ်နဲ့ နာကျင်ရသည်။ နို့မ်ချည် မြင့်ချည်ဖြစ်နေသည့် ရင်ခုန်နှုန်းကြောင့် လူလည်း မောဟိုက်လာသည်။ လိုက်ကာ စတွေကြား ဖြာကျနေသည့် နေရောင်ကြောင့် မျက်လုံးလေး မပွင့်တပွင့်ဖြင့် အိပ်ယာမှ အသာထလိုက်ပြီး Bathroom ဆီဝင်သွား၏။ မှန်ရှေ့ရပ်ပြီး မျက်လုံးအိမ်တွင်းရှိ မျက်ရည်စတွေကို ထိကြည့်ကာ အိမ်မက်အကြောင်း ပြန်တွေးမိ၏။

ကိုကိုက မင်လေးကို အရမ်းချစ်တာ

အဲ့စကားတခွန်းကို အကြိမ်ကြိမ်ကြားနေရတယ်..ထိုလူ၏ မျက်နှာကို ကျွန်တော် မမြင်ရဘူး ။ ကျွန်တော် သူ့ကို ထိတွေ့ချင်တယ်.. စကားတွေအများကြီးပြောချင်တယ်.. သူဟာ အိမ်မက်သက်သက်ပဲလား? အဲ့ထက်မပိုဖူးဘူးလား? ကျွန်တော့်ကို ဘာလို့ ချစ်တယ် လွမ်းတယ် အိမ်မက်ထဲမှာ  ခဏခဏပြောနေရတာလဲ..? သူနှင့် ကျွန်တော် ဘယ်လိုပက်သတ်မှုရှိလဲ? စကားလုံးတိုင်းက နွေးထွေးမှုရှိတယ်...

မေးခွန်းများစွာဖြင့် Jimin ခေါင်းတွေ ရှုပ်လာ၏။

အောက်ထပ်မှာတော့ မနက်တိုင်း သားနှင့် မနက်စာအတူစားသည့် Mr. Park တစ်ယောက်.. ၊ သတင်းစာ ကို အကျအနဖတ်နေပြီး သားအလာကို စောင့်နေသည်။ သတင်းထဲ၌... ရဲတွေ မှောင်ခိုဆေးတွေ ဖြန့်ဖြူးမှုကို ဖမ်းဆီးရမိကြောင်း သတင်းစာရှင်းလင်းပွဲလုပ်နေပုံတွေ ပါလာတော့ Mr. Park မျက်မှောင်ကြုတ်ကာ တောက်တချက် ခေါက်လိုက်သည်။ ဖမ်းမိတဲ့လူတွေက သူတို့နဲ့ ပြိုင်ဘက်တွေဖြစ်သည်။ အခု စစ်ဆေးမှုလုပ်ရင် သူတို့ကို ဖော်လိုက်မှာ Mr. Park စိုးရိမ်နေသည်။ လူတွေက ချမ်းသာမှုကိုသာ မောင်ပိုင်စီးချင်ကြတာ.. ဒုက္ခတွေ ရောက်ကြရင် ချောက်ချချင်ကြတယ်။ Mr. Park တို့လို စည်းစနစ်မကျတော့ ခုလို ပရမ်းပတာတွေဖြစ်ပြီး ဖမ်းမိတာပေါ့။ ကျင်လည်တဲ့လောက က မရိုးရှင်းဘူးလေ.. တစ်ယောက်မိတာနဲ့ ဇစ်မြစ်ကို ရဲတွေလိုက်ကြတော့မှာ..။ ကျန်တာတွေ စိတ်မပူပေမဲ့ သားကိုတော့ ဒီအကြောင်းတွေ ပေးမသိချင်ဘူး။ သားကို ဒုက္ခမရောက်စေချင်ဘူး။

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now