မင်းအတွက်ဆို... (Part - 6)

1K 212 12
                                    


Zawgyi ~

မင်းအတွက်ဆို... ❄

.
.
.

ဒီနေ့ ကျောင်းကို မင်လေး မပါဘဲ သွားရတော့ ကျွန်တော်မပျော်ဘူး..၊ မနေ့က နေမကောင်းဖြစ်သွားတာ ဘာကြောင့်လဲ မသိပေမဲ့ အတော်လေး စိတ်ပူမိတယ်။ Wobin Hyung ကိုမေးတော့ ' ဒီလိုပါပဲ နေမကောင်းဖြစ်တတ်ပါတယ် ' ဆိုပြီး..ပြန်ပြောတော့ သူ့မျက်နှာလေးတောင် ပြေးမကြည့်နိုင်တဲ့ကျွန်တော့်ကိုယ် ကျွန်တော် မကျေနပ်ဘူး..။ အခု မင်လေး ဘယ်လိုခံစားနေရမလဲ.. သက်သာပြီလား.. အရင်လို ပါးမို့မို့လေးရော ကပ်ချပ်သွားမလား ~လက်ဖောင်းဖောင်းလေးရော ပိန်ကျသွားမလား.. အတွေးတွေ များစွာနဲ့ ကျောင်းကို ရောက်လာခဲ့တယ်..။ ကျောင်းဝန်းထဲ ရောက်တော့ ဘေးမှာ ကိုယ်ငယ်လေးနဲ့ အသံ ပိစိလေးဖြင့် အမြဲပြောတတ်တဲ့ မင်လေးမရှိခဲ့ဘူးလေ...၊ တစ်ရက်လောက် မတွေ့ရရင်ကို လွမ်းနေမိတယ်~၊ ကျွန်တော် နေမကောင်းတုံးက စိတ်ပူပြီး ဆေးပါဝယ်တိုက်ခဲ့တဲ့ မင်လေး~သူလေး နေမကောင်းတော့ ကျွန်တော် ဘာမှ မလုပ်ပေးနိုင်ဘူး.. အဲ့စိတ်ကြီးက ကျွန်တော့်ကို လှောင်ပြောင်နေတယ်။

ဘာကို ဂရုစိုက်ပေးမှာလဲ?
ဘာကို အသက်ပေးပြီး ချစ်ပြပေးမှာလဲ?
အပြောပဲ ရှိတဲ့ မင်းက မင်လေးအနားမှာ
ရှိမနေသင့်ဘူး~ကင်ထယ်ယောင်း  ...

ခြေလှမ်းတွေ လေးလံစွာ အခန်းထဲဝင်လာခဲ့တယ်။ Johyung ကကျွန်တော့်ကို ဘာဖြစ်လာတာလဲ မေးတော့ဘာ​ပြောရမှန်းမသိ ဖြစ်နေတယ်။ ပခုံးကို ကိုင်ပြီး ' အဆင်ပြေသွားမှာပါ အဲ့လောက်စိတ်ကို လျော့မထားပါနဲ့ ' တဲ့~။အင်းလေ.. သခင်ကြီးက သူ့သားကို အကောင်းဆုံး ဆိုတဲ့ ဆေးဝါးတွေနဲ့ ကုပေးမှာပါ ငါစိတ်ပူစရာကို လိုမယ်မထင်ဘူး ။

မိုးကောင်ကင်နဲ့ မြေပြင်က ဘယ်သောအခါမှ နီးလာမှာမဟုတ်သလို ~ ကျွန်တော် နဲ့ မင်လေးကလည်း ထိုနည်းအတိုင်းပဲဖြစ်ခဲ့ရင်.. ဒီကမ္ဘာပေါ်မှာ အနာကျင်ဆုံးသူက ကျွန်တော်ဖြစ်လိမ့်မယ်__

ဒီနေ့တော့ Training လည်း မသွားနိုင်သလို စာထဲလည်းစိတ်မပါဘူး~ အတွေးတွေ စိတ်အာရုံတွေက သူလေးဆီမှာပဲ~ပျံ့လွင့်နေတယ်... ။

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now